Connect with us

Hi, what are you looking for?

သတင်း

ပင်းတယတွင် စာသင်ကျောင်းအချို့အနီး လက်လုပ်မိုင်း မကြာခဏတွေ့နေသည့်ဖြစ်ရပ် စစ်ကောင်စီက PDFများအား ပုံဖျက်ရန်နှင့် ပြည်သူနှင့်သွေးခွဲရန်လုပ်ဆောင်ခြင်းဟု သုံးသပ်

စာသင်ကျောင်းအချို့အနီးတွေ့ရှ်ိသည့် လက်လုပ်မိုင်းများကို စစ်ကောင်စီကလာရောက်ရှင်းလင်းသွားခဲ့ပြီး ပြည်သူများနှင့် ကာကွယ်ရေးရဲဘော်များကြားသွေးခွဲရန် စစ်ကောင်စီကဇာတ်လမ်းထွင်ခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်သည်။

ပင်းတယ
ပင်းတယ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် စာသင်ကျောင်းအချို့အနီး လက်လုပ်မိုင်းအချို့မကြာခဏတွေ့နေရပြီး ယင်းလုပ်ရပ်သည် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ပုံဖျက်ရန်နှင့် ပြည်သူနှင့်သွေးခွဲရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

ယနေ့(မေလ ၃၁ရက်) နံနက်ပိုင်းက ပင်းတယမြို့၊ မိုင်းအင်ကျေးရွာ စာသင်ကျောင်းရှေ့တွင်မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း ပင်းတယမြို့နောင်ရဲ ကျေးရွာစာသင်ကျောင်းတွင် လက်လုပ်မိုင်းတစ်လုံး တွေ့ရှ်ိခဲ့သည်။

ယင်းဖြစ်ရပ်များသည် ပင်းတယမြို့အ​ခြေစိုက်မြို့ပြပျောက်ကျားတပ်ဖွဲ့များရော ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပါ လုံးဝသက်ဆိုင်ခြင်းမရှိသလို ပြည်သူလူထုထိခိုက်စေမည့်အလုပ်မျိုး မည်သည့်အခါမျှမလုပ်ဆောင်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

“ဒီလိုအလုပ်ကို ပြည်သူ့ရဲဘော်တွေ လုံးဝမလုပ်ဘူး။ စစ်ကောင်စီ သောက်ကျင့်ယုတ်ပြီး လုပ်တာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စာသင်ကျောင်းအချို့အနီးတွေ့ရှ်ိသည့် လက်လုပ်မိုင်းများကို စစ်ကောင်စီကလာရောက်ရှင်းလင်းသွားခဲ့ပြီး ပြည်သူများနှင့် ကာကွယ်ရေးရဲဘော်များကြားသွေးခွဲရန် စစ်ကောင်စီကဇာတ်လမ်းထွင်ခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယနှင့်ရွာငံမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်တိုက်ခိုက်ရေး အားကောင်းလာပြီးနောက် စစ်ကောင်စီက ပြည်သူ့စစ်များဖွဲ့စည်းခြင်း၊ ပျူစောထီးများ မွေးမြူခြင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူများကြားသွေးခွဲရန် နည်းမျိုးစုံကြိုးစားလာသည်ဟု ဓနုတိုင်းရင်းသားတစ်ဦးက ပြောသည်။

“ဒေသတွင်းမြို့ပြပျောက်ကျားတပ်ဖွဲ့တွေအနေနဲ့ကတော့ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသူ ကျောင်းသားကလေးငယ်တွေကို ထိခိုက်အောင်ဘယ်တော့မှ လုပ်မှာမဟုတ်တဲ့အကြောင်းကို အခိုင်အမာ ပြောဆိုထားပါတယ်”ဟု စစ်အာဏာရှင်တော်လှန်ရေး ဒေသတွင်း လူထုမီဒီယာတစ်ခုဖြစ်သော Voice of Pindayaက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ