Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျဆုံးရဲဘော်လေးဦးကို ကောင်းမွန်စွာသဂြိုလ်ပြီးကြောင်း PDF ဂန့်​ဂေါ(တောင်ပိုင်း) အသိပေး

အဆိုပါ ရဲဘော်လေးဦးမှာ မေလ ၂၈ ရက်ကစစ်ကောင်စီအား ရွပ်ရွပ်ချွန်ချွန်တော်လှန်တိုက်ခိုက်ရင်း အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် အသက်ပေးလှူသွားခဲ့ကြသော သူရဲကောင်းရဲဘော်များအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်ဟု ဖော်ပြသည်။

ကျဆုံးရဲဘော်လေးဦးကို ကောင်းမွန်စွာသဂြိုလ်ပြီးကြောင်း PDF ဂန့်​ဂေါ(တောင်ပိုင်း) အသိပေး

အကြမ်းစစ်အာဏာရှင်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားသော ရဲဘော်လေးဦးကို ယနေ့(ဇွန် ၁)မှာ ကောင်းမွန်စွာသဂြိုလ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း PDF ဂန့်​ဂေါ(တောင်ပိုင်း) က အသိပေးထုတ်ပြန်သည်။

အဆိုပါ ရဲဘော်လေးဦးမှာ မေလ ၂၈ ရက်ကစစ်ကောင်စီအား ရွပ်ရွပ်ချွန်ချွန်တော်လှန်တိုက်ခိုက်ရင်း အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် အသက်ပေးလှူသွားခဲ့ကြသော သူရဲကောင်းရဲဘော်များအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်ဟု ဖော်ပြသည်။

ဂန့်ဂေါမြို့နယ်တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PDF-GANGAW(တောင်ပိုင်း)တို့ ထိတွေ့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ မေ ၂၈၊ ၂၉၊ ၃၀၊ ၃၁ အထိ လေးရက်ဆက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများမှာ ဂန့်ဂေါတောင်ပိုင်း ရိပ်သာလမ်းခွဲတွင် တစ်ကြိမ်၊ ဆည်ပေါ်ဧည့်ရိပ်သာနှင့် ဘုရားကုန်းအနီးတဝိုက်အပြင် စစ်ကောင်စီတပ်စခန်းချရာနေရာများကို ညအချိန်တိုက် ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အစီးရေ ၁၀၀ ခန့်ပါသော စစ်ယာဥ်တန်းသည် ယောဒေသ ဂန့်ဂေါမြို့နယ်ဘက်သို့ ဦးတည်ထွက်ခွာနေသည်ဟု ယူဆရပြီး ယနေ့နံနက်ပိုင်းတွင် ကျောမြို့၌ ရပ်နားထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ