Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရပ်သားတွေကိုတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုအသစ်တွေစစ်ကောင်စီကျုးလွန်လာ

မြန်မာနိုင်ငံအရှေ့ခြမ်း ကရင်ပြည်နယ်နဲ့ကယားပြည်နယ်အတွင်းမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကိုAmnesty International က အချက်အလက်သုတေသနပြုလုပ်ပြီးအစီရင်ခံစာကိုထုတ်ပြန်လာတာပါ။

အရပ်သားတွေကိုတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုအသစ်တွေစစ်ကောင်စီကျုးလွန်လာ

စစ်ကောင်စီဟာ အရပ်သားပြည်သူကို တိုက်ခိုက်လာပြီး စစ်ရာဇဝတ်အမှုအသစ်တွေ ထပ်မံကျုးလွန်လာတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International ) အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအရှေ့ခြမ်း ကရင်ပြည်နယ်နဲ့ကယားပြည်နယ်အတွင်းမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကိုAmnesty International က အချက်အလက်သုတေသနပြုလုပ်ပြီးအစီရင်ခံစာကိုထုတ်ပြန်လာတာပါ။

အာဏာသိမ်းပြီးနောက်စစ်ကောင်စီဟာ နိုင်ငံတဝှမ်းအကြမ်းဖက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကျုးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာဆိုထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေကိုထောက်ခံတယ်ဆိုကာ စစ်ကောင်စီဟာအရပ်သားပြည်သူတွေ ကို လေကြောင်းကနေတိုက်ခိုက်တာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာ မျိုးတွေ လုပ်ဆောင်တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနှစ်မတ်လထဲမှာတင် မြန်မာနိုင်ငံအရှေ့ခြမ်းဒေသတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ရဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှု ၂၄ ခု ကို စုံစမ်းသိရပြီးအဲဒီတိုက်ခိုက်မှုတွေကြောင့်အရပ်သားပြည်သူတွေထိခိုက်သေကြေတာ ၊ အရပ်ဘက်အဆောက်အဦးတွေပျက်စီးတာတွေရှိခဲ့တယ်လို့ အစီရင်ခံစာအရသိရပါတယ်။

မြန်မာနိုင်ငံအရှေ့ခြမ်းဒေသတွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေပိုမိုမြင့်တက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့သလို ဒေသခံ တစ်သိန်းခွဲကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ