Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့တွင် ယာဥ်စစ်အဖွဲ့က ကားရပ်မပေး၍ပစ်ခတ်ရာ ဒုရဲမှူးတစ်ဦးသေ

သေဆုံးသွားသူမှာ သီဟဆိုသူဖြစ်ပြီး ၎င်းသည် ပဲခူးမြို့ဇာတိဖြစ်ကာ စစ်ကောင်စီလက်အောက် တွင် ဒုရဲမှူးရာထူးဖြင့် ပြင်ဦးလွင်မြို့၌ တာဝန်ကျနေသူဖြစ်သည်။

(သေဆုံးသူ ဒုရဲမှူးသီဟအား တွေ့ရစဥ်)
(သေဆုံးသူ ဒုရဲမှူးသီဟအား တွေ့ရစဥ်)

ပဲခူးမြို့တွင် ဆိုင်ကယ်နှင့်ကားများကို တားဆီးစစ်ဆေးနေသော စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများမှ ကားရပ်မပေးဟုဆိုကာ ပစ်ခတ်စဥ် ဒုရဲမှူးတစ်ဦးသေဆုံးသွားကြောင်း ပဲခူးမြို့ခံများက ပြောသည်။

ဖြစ်စဥ်မှာ ယနေ့(ဇွန် ၁)ညနေ ၅နာရီခန့်က ရန်ကုန် – မန္တလေးလမ်းဟောင်း ပဲခူးတက္ကသိုလ်အ နီးလမ်းဆုံတွင် စစ်ကောင်စီလက်အောက်ခံရဲများက တားဆီးစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်နေစဥ် အိမ်စီးကားတစ်စီးမှာ ချက်ချင်းရပ်တန့်မပေးဘဲ ကုန်တင်ကားတစ်စီးနှင့်ကွယ်ကာ ရှေ့သို့ကျော်သွားစဥ် စစ်ဆေးရေးအဖွဲ့မှ ရဲတစ်ဦးက ကားနောက်သို့ပြေးလိုက်ပြီး ကားတံခါးဆွဲဖွင့်ပြီး အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

သေဆုံးသွားသူမှာ သီဟဆိုသူဖြစ်ပြီး ၎င်းသည် ပဲခူးမြို့ဇာတိဖြစ်ကာ စစ်ကောင်စီလက်အောက် တွင် ဒုရဲမှူးရာထူးဖြင့် ပြင်ဦးလွင်မြို့၌ တာဝန်ကျနေသူဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပြင်ဦးလွင်ကနေ လာလည်တာ။ ပဲခူးမြို့ကမွေးရပ်မြေအိမ်ကို၊ သူအိမ်က ဆည်မြောင်းလမ်းမှာ”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်း ပစ်သတ်ခံရ၍ သေဆုံးသွားသူ ဒုရဲမှူးသီဟ၏ ရုပ်အလောင်းကို ပဲခူးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။