Connect with us

Hi, what are you looking for?

သတင်း

CRPHဥက္ကဌ ဦးအောင်ကြည်ညွန့် Internaltional IDEA အကြီးအကဲကို လက်ခံတွေ့ဆုံ

တွေ့ဆုံစဉ် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ပေါ်ပေါက်လာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များ၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

CRPHဥက္ကဌ ဦးအောင်ကြည်ညွန့်, Internaltional IDEA အကြီးအကဲ
CRPHဥက္ကဌ ဦးအောင်ကြည်ညွန့်, Internaltional IDEA အကြီးအကဲ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်သည် Internaltional IDEA(နိုင်ငံတကာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအထောက်အကူပြုဆိုင်ရာ အင်စတီကျု့) အစီအစဉ်အကြီးအကဲ မစ္စတာမားကပ်ဘရန့်ဒ်အား ယနေ့ လက်ခံတွေ့ဆုံကြောင်း သတင်းထုတ်ပြန် သည်။

တွေ့ဆုံစဉ် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ပေါ်ပေါက်လာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များ၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် IDEA သည် လက်ရှိကြားကာလလွှတ်တော်လုပ်ငန်းစဉ်များအပေါ် ကူညီပံ့ပိုးမှုဆောင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

International IDEA သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နားလည်မှုစာချွန်လွှာ(MOU) သက်တမ်းတိုး ရေးထိုး၍ လွှတ်တော်ဖွံ့ဖြိုး‌‌ရေး အထောက်အကူပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ကူညီပံ့ပိုးနေသော မိတ်ဖက်အဖွဲ့အစည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

လက်ရှိတွင်လည်း ဖားဆောင်းမြို့သိမ်းနိုင်ရေးအပါအသင် ကရင်နီပြည်နယ်ရှိ စစ်ဒေသအသီးသီး၌ KNPLF တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားနေသည်။

သတင်း

ဒီဇင်ဘာ ၁ရက် နံနက် ၈နာရီကျော်တွင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်(၃)လမ်းရှိ ဦးသန်းထွန်း၏ နေအိမ်၌ ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတကာ

နိုင်ငံရေး နယ်ပယ်မှာ လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ ဘူဒါနိုဗာဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက လုံခြုံရေး အခြေအနေကြောင့် ခင်ပွန်းဖြစ်သူရဲ့ ရုံးမှာပဲ ပြောင်းရွှေ့ နေထိုင်နေခဲ့ကြောင်းလည်း သိရပါတယ်။

Facebook