Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကကိုး​တောင်ဘို့ရွာ ဘုန်းကြီး​ကျောင်းတွင်စစ်​ရှောင်​နေသူများကိုအပြင်ထွက်ခွင့်မ​ပေးဘဲပိတ်ဆို့ထား

ကိုးတောင်ဘို့၊ ယမတောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို​ဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ဇွန်လ ၃ရက်တွင် တိုက်ခိုက်ခဲ့ရာ အထိနာပြီး​နောက်စစ်​ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

ကိုး​တောင်ဘို့ရွာ
ကိုး​တောင်ဘို့ရွာ

●ယမ​တောင်ကုန်းတွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်ကို ​PDFများကတိုက်ခိုက်ရာအထိနာ၍လေ​ကြောင်းပစ်ကူ​ပေး

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာအုပ်စုကို ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်ပြီးအင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားကာ ပြည်သူများကို ကျောင်းပြင်ပသို့ ထွက်ခွင့်မပေးတော့ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်များပြောသည်။

ကျေးရွာ ငါးရွာပါဝင်သည့် ကိုးတောင်ဘို့ကျေးရွာအုပ်စုအားယမန့်နေ့( ဇွန် ၃ရက်) နေ့လည်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တပ်ဖွဲ့ဝင်၁၀၀ ခန့်ကို ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ယ​မန်​နေ့က တိုက်ပွဲဖြစ်၍ အောင်သဒ္ဓိကျောင်းတွင် ထွက်​​ပြေးခိုလှုံ​နေ​သော​ဒေသခံများကို စစ်​ကောင်စီတပ်က ​ကျောင်းပြင်ထွက်ခွင့်မ​ပေးဘဲ ပိတ်ဆို့ထားခြင်းဖြစ်သည်။

ကိုး​တောင်ဘို့ရွာ
ကိုး​တောင်ဘို့ရွာ

“မနေ့က စစ်ခွေး တစ်ရာလောက်ရတော့ ကွက်သစ်ထဲက အောင်သဒ္ဓိကျောင်းမှာ တပ်စွဲထားတယ်။အရပ်သားတချို့တဝက် ပိတ်မိနေတယ်” ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကိုးတောင်ဘို့၊ ယမတောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို​ဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ဇွန်လ ၃ရက်တွင် တိုက်ခိုက်ခဲ့ရာ အထိနာပြီး​နောက်စစ်​ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

Public Service Announcement

စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနှစ်စင်းဖြင့် ကိုးတောင်ဘို့ရွာ၊ပိတောက်ခုံ နှင့်ကွက်သစ်ရွာကိုလေကြောင်းမှတိုက်ခိုက်ခဲ့သည်။

“လေကြောင်းကနေ တိုက်ပြီး အင်အားလည်း ထပ်တိုးလာလို့ ကျွန်တော်တို့ ပြန်ဆုတ်ခွာလာခဲ့ရတယ်။ လက်နက်အင်အား မမျှလို့။ လက်နက်သာ အလုံအလောက်ရှိရင် တက်သိမ်းမှာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဇွန် ၃ ရက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များထိ့ခိုက်မှု မရှိဘဲ စစ်​ကောင်စီတပ်မှ ​သေဆုံးဒဏ်ရာရရှိမှုကိုမူမသိရ​သေး​ပေ၊

စစ်​ကောင်စီတပ်ကဇွန် ၂ ရက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့်ဒေသခံပြည်သူ သုံးဦးသေဆုံးခဲ့သည်။ထို့အတွက် တူသောအကျိူးရကြရန် ဆုတောင်းနေသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ယခုအခါ ကန့်ဘလူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပိုမိုပြုလုပ်လာပြီး ကန့်ဘလူ–နတ်အင်း–စံပယ်နံ့သာလမ်း​ကြောတ​စ်လျှောက် အကြမ်းဖက်စစ်​ကောင်စီတပ်သား (၂၅၀) ဝန်းကျင် တပ်ချထားကြောင်း၊ ဖုန်းလိုင်းများလည်း ဖြတ်​တောက်ထား၍ ယခုရက်ပိုင်းခရီး
သွားလာခြင်းများမပြုလုပ်သင့်ကြောင်းဒေသတွင်းသတင်း​များ​ဖော်ပြ​ပေး​နေသည့် Infinity Groupကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။