Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းတရားမဝင်ဘဲ နောက်ဆက်တွဲအကျိုးဆက်အားလုံးကို လုံးဝတာဝန်ခံရမည်ဟု NUGတရားရေးဝန်ကြီးဌာန ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ အလိုကျအမှုများကို စစ်ဆေးစီရင်နေသည့် လက်အောက်ခံ တရားရုံးများ၊ တရားရေး ဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများသည် ရာဇဝတ်မှုများကို ကျူးလွန်နေကြသော ရာဇဝတ်ဂိုဏ်းသားများသာဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းမှာ ပြည်တွင်း တည်ဆဲဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ တရားမဝင်ကြောင်း NUG တရားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် လူပုဂ္ဂိုလ် (၂)ဦးအပါအဝင် နိုင်ငံတဝန်းလုံးရှိ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ် အတည်ပြုခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးအတွက် အကြမ်းဖက် စစ်ကောင်စီက လုံးဝတာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံတရားရုံးများက ချမှတ်သည့် ပြစ်ဒဏ်များအားလုံးသည် မြန်မာနိုင်ငံ၏တည်ဆဲ ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဥပဒေမဲ့အငြိုးအတေး အာဃာတများဖြင့် တရားစီရင်ရေးကို စိတ်ထင်ရာ တဖက်သတ် လုပ်ဆောင်ခြင်းနှင့် သေဒဏ်အားအတည်ပြုလုပ်ဆောင်ခြင်းသည် ကြီးလေးသောပြစ်မှုကြီးကို ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအနေဖြင့် ဥပဒေမဲ့ ဆောင်ရွက်ချက်များကို မသိကျိုးကျွန်ပြုခြင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ အလိုကျ လိုက်ပါဆောင်ရွက်နေခြင်းများသည် ရာဇဝတ်မကင်းသော ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပြည်သူလူထုနှင့် ဥပဒေ၏ ဒဏ်ခတ်အရေးယူခြင်းကို မလွဲမသွေ ခံကြရမည် ဖြစ်သည်ဟုလည်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီ အလိုကျအမှုများကို စစ်ဆေးစီရင်နေသည့် လက်အောက်ခံ တရားရုံးများ၊ တရားရေး ဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများသည် ရာဇဝတ်မှုများကို ကျူးလွန်နေကြသော ရာဇဝတ်ဂိုဏ်းသားများသာဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။