Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ် သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟုဆို

ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်နိုင်သည်ဟု သတင်းစကားကြောင့် စစ်ကောင်စီတပ်က စုံစင်ဖျားကျေးရွာနှင့် သရက်ချောင်းမြို့ ရဲစခန်းများကို အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိတင် သရက်ချောင်းမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်။

သရက်ချောင်း
သရက်ချောင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄နှစ်အရွယ်မိန်းကလေးအပါအဝင် ဒေသခံနှစ်ဦးသေဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များက ယမန့်နေ့(ဇွန်၃ရက်) နေ့လယ် ၁၂နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်တပ်သား လေးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲသည် ညနေ ၄နာရီအထိဖြစ်ပွားခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှာ အထိအခိုက်မရှိဟု ဆိုသည်။

Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရေကြောင်းနှင့်ကုန်းကြောင်းကပါ စစ်ကူပေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်နိုင်သည်ဟု သတင်းစကားကြောင့် စစ်ကောင်စီတပ်က စုံစင်ဖျားကျေးရွာနှင့် သရက်ချောင်းမြို့ ရဲစခန်းများကို အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိတင် သရက်ချောင်းမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ သေဆုံးနှစ်ဦးအနက် တစ်ဦးမှာ(၁၄)နှစ်အရွယ် မိန်းကလေးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သေသွားတဲ့ကလေးမအဖေက စစ်သားလို့ပြောတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ပစ်တဲ့အချိန် သူ့ဦးလေးနဲ့ ပုန်းရှော‌နေတုန်း လက်နက်ကြီးထိပြီးသေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။