Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းမြို့နယ် သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟုဆို

ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်နိုင်သည်ဟု သတင်းစကားကြောင့် စစ်ကောင်စီတပ်က စုံစင်ဖျားကျေးရွာနှင့် သရက်ချောင်းမြို့ ရဲစခန်းများကို အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိတင် သရက်ချောင်းမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်။

သရက်ချောင်း
သရက်ချောင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄နှစ်အရွယ်မိန်းကလေးအပါအဝင် ဒေသခံနှစ်ဦးသေဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များက ယမန့်နေ့(ဇွန်၃ရက်) နေ့လယ် ၁၂နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်တပ်သား လေးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲသည် ညနေ ၄နာရီအထိဖြစ်ပွားခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှာ အထိအခိုက်မရှိဟု ဆိုသည်။

Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရေကြောင်းနှင့်ကုန်းကြောင်းကပါ စစ်ကူပေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်နိုင်သည်ဟု သတင်းစကားကြောင့် စစ်ကောင်စီတပ်က စုံစင်ဖျားကျေးရွာနှင့် သရက်ချောင်းမြို့ ရဲစခန်းများကို အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိတင် သရက်ချောင်းမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ သေဆုံးနှစ်ဦးအနက် တစ်ဦးမှာ(၁၄)နှစ်အရွယ် မိန်းကလေးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သေသွားတဲ့ကလေးမအဖေက စစ်သားလို့ပြောတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ပစ်တဲ့အချိန် သူ့ဦးလေးနဲ့ ပုန်းရှော‌နေတုန်း လက်နက်ကြီးထိပြီးသေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။