Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင်တပ်စွဲ​နေသောစစ်​ကောင်စီတပ်ကို PDF နှစ်ဖွဲ့တိုက်ခိုက်စစ်သား၁၀ ဦးခန့်​သေ၊​သေနတ် ၁ လက်ရရှိ

ထမ္မကောက်ကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီစခန်းကို ယမန်နေ့ နေ့လည် ၂ နာရီခွဲခန့်ကMC-KC DF နှင့် ဆိပ်ဖြူမြောက်ပိုင်း NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

(စစ်​ကောင်တပ်ထံမှသိမ်းဆည်းရရှိ​သော​သေနတ်တစ်လက်နှင့်ကျည်များ ။ ။ ဓါတ်ပုံ-MC-KC DF)
(စစ်​ကောင်တပ်ထံမှသိမ်းဆည်းရရှိ​သော​သေနတ်တစ်လက်နှင့်ကျည်များ ။ ။ ဓါတ်ပုံ-MC-KC DF)

PDF တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရ

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်တိုက်ရာ စစ် ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး MA 2 တစ်လက်သိမ်းဆည်းရမိကြောင်း မြစ်ခြေ- ကျွန်းချာင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ MC- KC DFက ယ​နေ့ထုတ်ပြန်သည်။

ထမ္မကောက်ကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီစခန်းကို ယမန်နေ့ နေ့လည် ၂ နာရီခွဲခန့်ကMC-KC DF နှင့် ဆိပ်ဖြူမြောက်ပိုင်း NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

“ကျွန်တော်တို့ သတင်းအရ ၁၅ ယောက်လောက်ရှိတယ်ဆိုပြီး ဝင်စီးတာပေါ့။ဟိုဘက်က ၃၀ လောက် ရှိနေတာ။အဲဒါနဲ့ တော်တော်တော့ တိုက်ပွဲ ကြာသွားတယ်။တစ်နာရီလောက် ရှိတယ်။နောက်ပြီး သူတို့ဘက်ကစစ်ကူပါလာတော့ ကျွန်တော်တို့ နောက်ဆုတ်လိုက်တယ်”ဟု MC-KC DF မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းNSP မှရဲ​လ​ဘော်တစ်ဦး ကျဆုံးခဲ့ပြီး၎င်းသည် ရဲ CDM တစ်ဦးဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။