Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ဖြူတွင်တပ်စွဲ​နေသောစစ်​ကောင်စီတပ်ကို PDF နှစ်ဖွဲ့တိုက်ခိုက်စစ်သား၁၀ ဦးခန့်​သေ၊​သေနတ် ၁ လက်ရရှိ

ထမ္မကောက်ကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီစခန်းကို ယမန်နေ့ နေ့လည် ၂ နာရီခွဲခန့်ကMC-KC DF နှင့် ဆိပ်ဖြူမြောက်ပိုင်း NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

(စစ်​ကောင်တပ်ထံမှသိမ်းဆည်းရရှိ​သော​သေနတ်တစ်လက်နှင့်ကျည်များ ။ ။ ဓါတ်ပုံ-MC-KC DF)
(စစ်​ကောင်တပ်ထံမှသိမ်းဆည်းရရှိ​သော​သေနတ်တစ်လက်နှင့်ကျည်များ ။ ။ ဓါတ်ပုံ-MC-KC DF)

PDF တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရ

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်တိုက်ရာ စစ် ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး MA 2 တစ်လက်သိမ်းဆည်းရမိကြောင်း မြစ်ခြေ- ကျွန်းချာင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ MC- KC DFက ယ​နေ့ထုတ်ပြန်သည်။

ထမ္မကောက်ကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီစခန်းကို ယမန်နေ့ နေ့လည် ၂ နာရီခွဲခန့်ကMC-KC DF နှင့် ဆိပ်ဖြူမြောက်ပိုင်း NSP တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

“ကျွန်တော်တို့ သတင်းအရ ၁၅ ယောက်လောက်ရှိတယ်ဆိုပြီး ဝင်စီးတာပေါ့။ဟိုဘက်က ၃၀ လောက် ရှိနေတာ။အဲဒါနဲ့ တော်တော်တော့ တိုက်ပွဲ ကြာသွားတယ်။တစ်နာရီလောက် ရှိတယ်။နောက်ပြီး သူတို့ဘက်ကစစ်ကူပါလာတော့ ကျွန်တော်တို့ နောက်ဆုတ်လိုက်တယ်”ဟု MC-KC DF မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းNSP မှရဲ​လ​ဘော်တစ်ဦး ကျဆုံးခဲ့ပြီး၎င်းသည် ရဲ CDM တစ်ဦးဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။