Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နားလည်မှု၊ စုစည်းညီညွတ်မှုခိုင်မာအားကောင်းစွာဖြင့် တော်လှန်ရေး၏ အရေးကြီးအဆင့်များကို မဆုတ်မနစ်ရှေ့ဆက်ချီတက်မည်ဟု GSCBအဓိဋ္ဌာန်ပြု

တော်လှန်ရေးအဆက်ဆက်တွင် အသက်ပေးဆပ် စွန့်လွှတ်သွားကြသောသူရဲကောင်းများအား လေးစားဂုဏ်ပြုသောအားဖြင့် GSCB၏ ပထမအကြိမ်ညီလာခံက ယင်းသို့ အဓိဋ္ဌာန်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

People's Spring
People's Spring

နားလည်မှုနှင့် စုစည်းညီညွတ်မှုကိုပို၍ ခိုင်မာအားကောင်းစွာတည်ဆောက်ပြီး တော်လှန်ရေး၏ အရေးကြီးသည့်အဆင့်များကို တော်လှန်ရေးအင်အားစုအသီးသီးနှင့် မဆုတ်မနစ်ရှေ့ဆက်ချီတက်သွားမည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCBက ထပ်လောင်းကတိပြုသည်။

တော်လှန်ရေးအဆက်ဆက်တွင် အသက်ပေးဆပ် စွန့်လွှတ်သွားကြသောသူရဲကောင်းများအား လေးစားဂုဏ်ပြုသောအားဖြင့် GSCB၏ ပထမအကြိမ်ညီလာခံက ယင်းသို့ အဓိဋ္ဌာန်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ဖြတ်တွန်းလှန်ချေမှုန်းရေး၊ အနာဂတ်မြန်မာ့နိုင်ငံရေးတွင် စစ်တပ်မပါဝင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ပြည်သူလူထုကို မျက်နှာမူမည်ဖြစ်ကြောင်းလည်း GSCBက ညီလာခံကြေညာစာတမ်း၌ ဖော်ပြသည်။

ယခု ၂၀၂၂၏ နေ့ရက်တိုင်းသည် တော်လှန်ရေးအတွက် လွန်စွာအရေးကြီးသည်ဖြစ်ရာ ကုလသမဂ္ဂ၊ ဥရောပနိုင်ငံများ၊ အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရများသည် အကြမ်းဖက်စစ်အုပ်စုကို လုံးဝအသိအမှတ်မပြုဘဲ ယခုထက်ပို၍ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ကြရန် GSCBက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံပြည်သူလူထုကို ပိုမိုစာနာနားလည်သောအားဖြင့် မြန်မာ့နွေဦးတော်လှန်ရေးကို အဘက်ဘက်မှ ဝန်းရံပေးကြရန်နှင့် အာဆီယံအနေဖြင့်လည်း မြန်မာပြည်သူလူထု၏ တော်လှန်ရေးလိုအင်ဆန္ဒများအတွက် ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း GSCB က တောင်းဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲလမ်းကြောင်းသည်လည်း မြန်မာနိုင်ငံအတွက် အဖြေမဟုတ်ကြောင်း နိုင်ငံတကာအစိုးရများကို GSCBက အသိပေးသည်။

အကြမ်းဖက်စစ်အုပ်စုကို ယနေ့အချိန်အထိ ကြံ့ကြံ့ခံဆန့်ကျင်နေသော ပြည်သူလူထုနှင့်အတူ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားကြရန် GSCBက အလေးအနက် တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။