Connect with us

Hi, what are you looking for?

သတင်း

နားလည်မှု၊ စုစည်းညီညွတ်မှုခိုင်မာအားကောင်းစွာဖြင့် တော်လှန်ရေး၏ အရေးကြီးအဆင့်များကို မဆုတ်မနစ်ရှေ့ဆက်ချီတက်မည်ဟု GSCBအဓိဋ္ဌာန်ပြု

တော်လှန်ရေးအဆက်ဆက်တွင် အသက်ပေးဆပ် စွန့်လွှတ်သွားကြသောသူရဲကောင်းများအား လေးစားဂုဏ်ပြုသောအားဖြင့် GSCB၏ ပထမအကြိမ်ညီလာခံက ယင်းသို့ အဓိဋ္ဌာန်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

People's Spring
People's Spring

နားလည်မှုနှင့် စုစည်းညီညွတ်မှုကိုပို၍ ခိုင်မာအားကောင်းစွာတည်ဆောက်ပြီး တော်လှန်ရေး၏ အရေးကြီးသည့်အဆင့်များကို တော်လှန်ရေးအင်အားစုအသီးသီးနှင့် မဆုတ်မနစ်ရှေ့ဆက်ချီတက်သွားမည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCBက ထပ်လောင်းကတိပြုသည်။

တော်လှန်ရေးအဆက်ဆက်တွင် အသက်ပေးဆပ် စွန့်လွှတ်သွားကြသောသူရဲကောင်းများအား လေးစားဂုဏ်ပြုသောအားဖြင့် GSCB၏ ပထမအကြိမ်ညီလာခံက ယင်းသို့ အဓိဋ္ဌာန်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ဖြတ်တွန်းလှန်ချေမှုန်းရေး၊ အနာဂတ်မြန်မာ့နိုင်ငံရေးတွင် စစ်တပ်မပါဝင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ပြည်သူလူထုကို မျက်နှာမူမည်ဖြစ်ကြောင်းလည်း GSCBက ညီလာခံကြေညာစာတမ်း၌ ဖော်ပြသည်။

ယခု ၂၀၂၂၏ နေ့ရက်တိုင်းသည် တော်လှန်ရေးအတွက် လွန်စွာအရေးကြီးသည်ဖြစ်ရာ ကုလသမဂ္ဂ၊ ဥရောပနိုင်ငံများ၊ အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရများသည် အကြမ်းဖက်စစ်အုပ်စုကို လုံးဝအသိအမှတ်မပြုဘဲ ယခုထက်ပို၍ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ကြရန် GSCBက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံပြည်သူလူထုကို ပိုမိုစာနာနားလည်သောအားဖြင့် မြန်မာ့နွေဦးတော်လှန်ရေးကို အဘက်ဘက်မှ ဝန်းရံပေးကြရန်နှင့် အာဆီယံအနေဖြင့်လည်း မြန်မာပြည်သူလူထု၏ တော်လှန်ရေးလိုအင်ဆန္ဒများအတွက် ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း GSCB က တောင်းဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲလမ်းကြောင်းသည်လည်း မြန်မာနိုင်ငံအတွက် အဖြေမဟုတ်ကြောင်း နိုင်ငံတကာအစိုးရများကို GSCBက အသိပေးသည်။

အကြမ်းဖက်စစ်အုပ်စုကို ယနေ့အချိန်အထိ ကြံ့ကြံ့ခံဆန့်ကျင်နေသော ပြည်သူလူထုနှင့်အတူ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားကြရန် GSCBက အလေးအနက် တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။