Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာနေအိမ်များအား ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ကျေးရွာတစ်ရွာရှိ နေအိမ်များအား ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇွန်လ ၈ရက်)ညနေ ၆နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာတောင်ဘက်၊ ပဒူရွာနှင့် ကံကြီးကုန်းရွာကြားတွင် အင်အားအပြည့်ပါသည့် စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီးထိမှန်ခဲ့ကာ ထိခိုက်မှုများကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ထိုကားနှစ်စီးသည် ကျောင်းဖြူရွာတွင် နေအိမ်နှစ်လုံးကို ဖျက်ဆီးပြီး ပစ္စည်းများသိမ်းယူလာပြီးနောက် စစ်ကိုင်းမြို့ဘက်သို့ပြန်လာစဥ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

“ကျောင်းဖြူရွာမှာ တပ်စွဲထားတယ်လို့လည်း ပြောတယ် ။ မိုင်းက ၈ လုံးလောက်ကွဲတယ်။ အနီးနားက တချို့ရွာတွေကတော့ ကြောက်လို့ထွက်ပြေးကြတာတွေရှိတယ်ကြားတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များသည် စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာအများအပြားသို့ စီးနင်းဝင်ရောက်ကာ ဒေသခံများအားဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။