Connect with us

Hi, what are you looking for?

သတင်း

ရေဦး – ခင်ဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

အကြမ်းဖက်စစ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းတစ်စီးလည်း ဒုတိယအကြိမ်ပျံသန်းချိန်တွင် ဆုံးရှုံးခဲ့ရကြောင်း Dragon Urban Guerrilla အဖွဲ့က အသိပေးသည်။

Dragon Urban Guerrilla
Dragon Urban Guerrilla

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦး – ခင်ဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Dragon Urban Guerrilla အဖွဲ့ကထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၉ ရက်)က ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရွာဘက်သို့ ဦးတည်လာသော အင်အား ၁၀၀ခန့်ရှိ စစ်​ကောင်စီ စစ်ကြောင်းအား မဟာမိတ်တပ်ဖွဲ့များက ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Dragon Urban Guerrilla အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

အကြမ်းဖက်စစ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းတစ်စီးလည်း ဒုတိယအကြိမ်ပျံသန်းချိန်တွင် ဆုံးရှုံးခဲ့ရကြောင်း Dragon Urban Guerrilla အဖွဲ့က အသိပေးသည်။

Dragon Urban Guerrilla အဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လ ၄ ရက်ကလည်း ခင်ဦး – ရေဦးလမ်းပိုင်းရှိ စစ်​ကောင်စီတပ်၏ ကင်းနေရာ သုံးခုအား ဒရုန်းချတိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်တပ်က လေကြောင်း၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးအပါအရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။