Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ်တွင် အင်အား ၁၀၀ကျော်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

အပြန်အလှန် ပစ်ခတ်မှုအတွင်း မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ပေါင်နှင့်လက်တွင် လက်နက်ကြီး အစမှန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

PDF - တလုပ်
PDF - တလုပ်

စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ထုတ်ပြန်

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်များပြားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တလုပ်(မြင်းခြံခရိုင် တပ်ရင်း – ၂)က ထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေစကြိုမြို့နယ် ဆင်ခြေယာရွာမှ ဇရပ်နီရွာသို့ စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်ကြောင်းအား ဇရပ်နီရွာနှင့် ရွှေလုံရွာကြား အရောက်တွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အနီးကပ်ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် အလစ်အငိုက် တိုက်ခိုက်ခြင်းခံရပြီး ၀ရုဏ်းသုန်းကားဖြစ်ကာ ဂျန်ပါကြောင့် မကွဲသော မိုင်းကြိုးများအား တိုက်မိပြီး မိုင်း ၃လုံးကွဲပြီး စစ်ကောင်စီတပ်မှ သုံးဦးလဲကျခဲ့ကြောင်း၊ ထို့နောက် သက်ကွင်းအတွင်း ရောက်လာသော စစ်ကောင်စီတပ်များအား (၄၀)မမ လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးခန့် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF – တလုပ်က သတင်းထုတ်ပြန်သည်။

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်များက ပြန်လည်နေရာယူပြီး လက်နက်ကြီး၊ စနိုက်ပါ၊ စက်လက်များ အသုံးပြု တိုက်ခိုက်လာရာ လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

PDF - တလုပ်
PDF – တလုပ်

အပြန်အလှန် ပစ်ခတ်မှုအတွင်း မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ပေါင်နှင့်လက်တွင် လက်နက်ကြီး အစမှန်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တလုပ်(မြင်းခြံခရိုင်တပ်ရင်း -၂) နှင့်အတူ MGN – RANGER ၊ MGN-TIGER၊MGN-21၊ MGN-35၊ Shwe-Ao Revolution Force-SARF၊ တောင်သာ PDF၊ ဗိုလ်ကျားသစ်အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။