Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်မှ ပြည်သူများ​က ​တော်လှန်​ရေးအတွက် လက်ဝတ်လက်စားများကိုချွတ်၍ လှူဒါန်း

​တော်လှန်​ရေးအတွက်ပြည်သူများလှူဒါန်းထားမှု။ ဓါတ်ပုံ-မြိုင်PDF
​တော်လှန်​ရေးအတွက်ပြည်သူများလှူဒါန်းထားမှု။ ဓါတ်ပုံ-မြိုင်PDF

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူများက ငွေကြေးတင်မကဘဲ ရွှေထည်လက်ဝတ်လက်စားများကိုပါ လှူဒါန်းနေကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

မြိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အား လက်နက်ခဲယမ်းများဝယ်ယူရန် ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများလှူဒါန်းခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

​တော်လှန်​ရေးအတွက်ပြည်သူများလှူဒါန်းထားမှု။ ဓါတ်ပုံ-မြိုင်PDF
​တော်လှန်​ရေးအတွက်ပြည်သူများလှူဒါန်းထားမှု။ ဓါတ်ပုံ-မြိုင်PDF

“​ရွှေထည်ပစ္စည်းဆိုတာ ရှိရင် တန်ဆာ မရှိရင် ဝမ်းစာတဲ့… အညာဒေသမှာ စကစများက ပြည်သူတွေရဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးနေချိန်မှာ အညာကပြည်သူများရဲ့စိတ်ဓါတ်ကတော့ ကျသွားခြင်းမရှိဘဲ စကစကို အမြစ်ပြတ်တော်လှန်သွားမယ်ဆိုတာ အခုလုပ်ရပ်က သက်သေပါ။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ပြည်သူများက လက်ဝတ်ရတနာအဖြစ် တန်ဖိုးထားဝတ်ဆင်​​သော နား​​တောင်း၊နားကပ် စ​သောလက်ဝတ်လက်စားများကို ​တော်လှန်ရးအတွက်ချွတ်၍ လှူကြသည်ကို ထုတ်ပြန်​သောပုံများတွင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးအတွက်ပြည်သူများလှူဒါန်းထားမှု။ ဓါတ်ပုံ-မြိုင်PDF
​တော်လှန်​ရေးအတွက်ပြည်သူများလှူဒါန်းထားမှု။ ဓါတ်ပုံ-မြိုင်PDF

“မီးရှို့လို့ တော်လှန်စိတ်ကို မတွန်းလှန်နိုင်။လွတ်လပ်ပြီးတရားမျှတတဲ့အထိ တော်လှန်သွားမယ်။စကစ ကျဆုံးရမယ်။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယခင်ကလ​ည်း မြိုင်ဒေသခံများက ပြည်သူ့ကာကာကွယ်ရေးအဖွဲ့များထံ လက်ဝတ်လက်စားရွှေထည်ပစ္စည်းများကိုပါ လှူဒါန်းခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

One Championship ရဲ့ ဂျပန် ကစ်ဘောင်ဆင် ဖိုက်တာ တာခဲရုဟာ မြန်မာနိုင်ငံ တောင်ကြီးမြို့က အေးသာယာရပ်ကွက် ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှာ စာသင်ကျောင်းဆောင်သစ် လှူဒါန်းခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

Facebook