Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်အနောက်ခြမ်း ရေနံမြေအနီးမှာ တိုက်ပွဲပြင်းထန်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(အညာမြေတပ်ပေါင်းစုက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု)

ဩဂုတ်-၂၄၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အင်အား ၅၀၀ ခန့်နဲ့ ၃လ ၀န်းကျင်ကြာထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ တားဆီးပိတ်ဆို့တိုက်ခိုက်မှုကြောင့် လေကြောင်းကနေ ပစ်ကူအသုံးပြုပြီး နေ့စဉ် တိုက်ခိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

“ဒီနေ့ ညနေ(၃ နာရီခွဲ) အထိ ဆို ဂျက်ဖိုက်တာ နဲ့ ကြဲတာ ငါးကြိမ်ရှိပြီ။Y 12 နဲ့ရော ရဟတ်ယာဉ် တွေပါသုံးတာ မပါသေးဘူး”လို့ မြိုင်မြို့နယ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာ နဲ့ တဲကြီးကျေးရွာ အနီးတဝိုက်က ဝဲတူးရေနံမြေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတာလို့ အသိပေးပါတယ်။

“ဝဲတူးပတ်လည်ကို ရောက်နေတယ်။ မှော်နှုတ်ခမ်းကိုရောက်နေပြီ”လို့ မြိုင်မြို့နယ် ဒေသခံတစ်ဦးက စစ်တပ်စစ်ကြောင်းအခြေအနေကို ပြောပါတယ်။

မြိုင်မြို့နယ်အနောက်ခြမ်းက ဝဲတူးရေနံမြေအပါအ၀င် ရေနံမှော်တွေကို ၂၀၂၄ မတ်လကတည်းက ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်

ဇွန် နဲ့ဇူလိုင်လက တိုက်ပွဲတွေအတွင်း စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်လတည်းမှာပဲ စစ်တပ်က မြိုင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၄၀ ၀န်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာ ၈ရွာထက်မနည်း မီးရှို့ခံခဲ့ရတာကြောင့် နေအိမ်အလုံး ၂၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇာတိကို အလောင်းပြန်မသယ်နိုင်ခဲ့ဘဲ ၉၆ ပါးရောဂါကြောင့်သေဆုံးတာလို့ မိသားစုက နာရေးကြော်ငြာ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်