Connect with us

Hi, what are you looking for?

သတင်း

မုံရွာ PDF တိုက်ခိုက်၍ နှစ်လအတွင်း စစ်ကောင်စီဘက်က ၈၀ ဦးကျော်သေ၊ ၃၂ဦးကျော်ဒဏ်ရာရ

တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူမှ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။

(MPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MPDF)
(MPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-MPDF)

မုံရွာ ပြည်သူ့ကာကွယ်ရေးတပ်(MPDF) တိုက်ခိုက်၍ နှစ်လအတွင်း စစ်ကောင်စီဘက်က ၈၂ဦး အထက် သေဆုံးပြီး ၃၂ဦး အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MPDFက ယနေ့ သတင်းထုတ်ပြန်သည်။

မုံရွာခရိုင် အမှတ်(၁) တပ်ရင်း MPDF ၏ ဧပြီလနှင့် မေလ အတွင်း တိုက်ပွဲသတင်းများကို စုစည်းဖော်ပြခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူမှ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။

စစ်လက်နက် အင်အား ကွာခြားချက် ကြီးမားသော်လည်း နောက်ဆုံး၌ ဓမ္မသည် အစဉ်အမြဲ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း၊ အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး နှင့် စစ်သုံးစစ် တိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲတွင် MPDF သည်ပြည်သူများရှေ့မှအစဉ်အမြဲရပ်တည်၍တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကတိပြုသည်ဟုထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

နှစ်လတာအတွင်း MPDFသည် မင်းကင်းမြို့နယ်၊ မုံရွာမြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ် များအတွင်း၌ စစ်ကောင်စီပစ်မှတ်များ၊ စစ်ကောင်စီ စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ တိုက်ခိုက်ရာတွင် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။