Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ် သစ်ကြီးတောရွာအား မီးရှို့ထွက်လာသည့် စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို မီးရှို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူလူထုများ ဂရုစိုက်ရှောင်ရှားကြရန် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် (PDF)က အသိပေးသည်။

(ယမန်နေ့ညနေတွင် စစ်ကောင်စီတပ်က ရေစကြိုမြို့နယ် သစ်ကြီးတောရွာအား မီးရှို့ဖျက်ဆီး​နေသည်ကို ​တွေ့ရစဥ်)
(ယမန်နေ့ညနေတွင် စစ်ကောင်စီတပ်က ရေစကြိုမြို့နယ် သစ်ကြီးတောရွာအား မီးရှို့ဖျက်ဆီး​နေသည်ကို ​တွေ့ရစဥ်)

▪️ဆင်ဖြူရှင်တံတားဂိတ် သိမ်းပိုက်ခံရပြီးနောက် ရေစကြိုနယ်အတွင်း စစ်ကောင်စီတပ်က အင်အား ၄၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာ

ယမန်နေ့ (ဇွန် ၁၀ရက်)ညနေ ၅နာရီခန့်တွင် သစ်ကြီးတောရွာအားမီးရှို့ပီးထွက်လာသော စစ်ကောင်စီတပ်နှင့် ရေစကြို PDFတို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ (၄၀)မမ သုံးလုံးအပါအဝင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အတိအကျမသိရကြောင်း ရေစကြို PDFက ထုတ်ပြန်သည်။ ထို့အပြင် ရေစကြို PDF ရဲဘော်များ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။

Public Service Announcement

စစ်ကောင်စီတပ်က အဆိုပါ ရွာအနီးတဝိုက်၌ ဆက်ရှိနေ၍ သစ်ကြီးတောရွာမှ နေအိမ်မည်မျှ မီးရှို့ခံရသည်ကို မသိရသေးကြောင်း ရေစကြို PDFတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဇွန်လ ၉ရက်က ဆင်ဖြူရှင်တံတားရှိ စစ်ကောင်စီ ဂိတ်စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်သို့ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း ၎င်းကဆိုသည်။

“လက်ရှိ စစ်ရေးအခြေအနေက တင်းမာနေတယ်။ ရေစကြိုမြို့နယ်ထဲမှာ အင်အား ၄၀၀လောက်နဲ့ စစ်ကြောင်းထိုးနေတာပေါ့။ ပြည်သူလူထု အနေနဲ့ သတိဝိရိယာနဲ့ နည်းနည်းရှောင်ရှားကြဖို့ အဓိကပါပဲ။ ပြည်သူလူထု ဘေးကင်းရင် ကျွန်တော်တို့လည်း အဆင်ပြေတယ်။”ဟု ရေစကြို PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့် PDF ဟန်ဆောင်ကာလှုပ်ရှားနေသောကြောင့် ပြည်သူလူထုအနေဖြင့်သတိထားရှောင်ရှားကြပါရန်လည်း ရေစကြို PDFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ရေစကြို PDFအပါအဝင်ဒေသတွင်း မဟာမိတ် ပူးပေါင်းတပ်များသည် ဆင်ဖြူရှင်တံတားရှိ စစ်ကောင်စီ၏ ဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည်။ ထို့ပြင် စစ်ကော်စီတပ်ထံမှ လက်နက် ၈လက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။