Connect with us

Hi, what are you looking for?

သတင်း

နယုန်လပြည့်‌နေ့တွင် မန္တလေးတောင်ပေါ်၌ ဘုရားဖူးဧည့်သည် မရှိသလောက်ရှင်းလင်း‌

“ခါတိုင်း ပုံမှန်ကြားရက်တွေတောင် ဘုရားဖူးဧည့်သည်က စည်စည်ကားကားရှိတယ်။ ဒီနေ့တော့ ဘုရားဖူးတွေ မလာသလောက်နီးပါးကို လူမရှိဘဲရှင်းလင်းနေတယ် ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ကိုရဲလင်းထွန်း
ဓာတ်ပုံ - ကိုရဲလင်းထွန်း

ဘုရားဧည့်သည်များဖြင့် စည်ကားလျှက်ရှိသည့် မန္တလေးတောင်ပေါ်တွင် ယနေ့ (ဇွန်လ ၁၃) နယုန်လပြည့်နေ့၌ ပြည်သူများက ဘုရားဖူးမသွားခြင်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွင် ပူးပေါင်းပါဝင်ခဲ့သဖြင့် ဘုရားဖူးဧည့်သည်မရှိသလောက် ရှင်းလင်း‌ခဲ့ကြောင်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်သည်။

“ခါတိုင်း ပုံမှန်ကြားရက်တွေတောင် ဘုရားဖူးဧည့်သည်က စည်စည်ကားကားရှိတယ်။ ဒီနေ့တော့ ဘုရားဖူးတွေ မလာသလောက်နီးပါးကို လူမရှိဘဲရှင်းလင်းနေတယ် ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမုခ်ဦးဝတွင် “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်”ဆိုသည့် စာတန်းချိတ်ဆွဲ၍ နယုန်လပြည့်နေ့တွင် ဘုရားစေတီပုထိုးများသို့ သွားရောက်ဖူးမျှော်ခြင်းမပြုဘဲ ဘုရားရင်ပြင်တော်ပေါ်၌ တိတ်ဆိတ်ခြောက်ခြား‌စေခြင်းဖြင့် သပိတ်မှောက်ဆန္ဒထုတ်ဖော်ကြရန် ရန်ကုန်လူထုသပိတ်က ပြည်သူတစ်ရပ်လုံးအား တိုက်တွန်းနှိုးဆော်ခဲ့သည်။

ယင်းလူထုလှုပ်ရှားမှုသည် နိုင်ငံ့အာဏာကို မတရားသိမ်းယူခဲ့သည့် အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးတုန်းသတ်ဖြတ်မှု၊ ထောင်တွင်းနှင့်စစ်ကြောရေးတွင် ညှင်းပန်းနှိပ်ဆက်မှု၊ ဆန္ဒပြပြည်သူများအား ပစ်ခက်သတ်ဖြတ်မှု၊ တရားမဝင်စစ်ခုံရုံးမှ လူ့အခွင့်အရေးများ ချိုးဖောက်ကာ ပြည်သူများအား ကြိုးမိန့်ပေးကွပ်မျက်ရန် ဖော်ဆောင်နေခြင်းများကြောင့် တိုင်းပြည်သည် ကြိမ်ဖန်များစွာ သေဒဏ်သင့်ခဲ့ရပြီဖြစ်သဖြင့် စစ်အာဏာရှင်စနစ်ဆိုးအား အလိုမရှိကြောင်း ပြည်သူ့ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။