Connect with us

Hi, what are you looking for?

သတင်း

သထုံတွင်စစ်ကောင်စီတပ်ပစ်ခတ်သည့်၁၂၀မမ ကင်းပုန်းဝပ်နေသည့်စစ်ကောင်စီတပ်သားများအနီးကျ၍၇ဦးသေဆုံး

“မေ ၂၈ ကနေ ဇွန် ၁၄ရက် အတွင်း ကြားရက် တစ်ရက်ရက်မှာ ထိသွားတာပါ။ တိုက်ပွဲကို အာရုံစိုက်နေရလို့ အဲဒီ ကျတဲ့နေ့က ရက်အတိအကျကို ကျွန်တော်တို့ မေ့သွားတာပါ” ဟုလည်း TPGက ၎င်း၏ ထုတ်ပြန်ချက်အပေါ် ရှင်းလင်းထားသည်။

သထုံတွင် စစ်ကောင်စီတပ် ၁၂၀မမ ပစ်ခတ်
သထုံတွင် စစ်ကောင်စီတပ် ၁၂၀မမ ပစ်ခတ်

သထုံမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီးကျည် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ရာနေရာသို့ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ဦး သေဆုံးခဲ့ကြောင်း သထုံပြည်သူ့ပြောက်ကျားများအဖွဲ့(TPG)က ထုတ်ပြန်သည်။

သထုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများသည်မေလ ၂၈ရက်မှ ဇွန်လ ၁၄ရက် အတွင်း ဒေသတွင်းသို့လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ဝင်းပကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၉) ဝင်းပ တပ်စခန်းမှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးတစ်လုံးသည် ဒေတွင်းရှိ စစ်ကောင်စီ၏ ဝီယော်ရှေ့တန်းစခန်းနယ်မြေမှ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား ၇ဦးထံ ကျရောက်ပြီး ၇ဦးလုံး ကျည်ထိမှန်သေဆုံးသွားကြောင်း ဖော်ပြထားသည်။

“မေ ၂၈ ကနေ ဇွန် ၁၄ရက် အတွင်း ကြားရက် တစ်ရက်ရက်မှာ ထိသွားတာပါ။ တိုက်ပွဲကို အာရုံစိုက်နေရလို့ အဲဒီ ကျတဲ့နေ့က ရက်အတိအကျကို ကျွန်တော်တို့ မေ့သွားတာပါ” ဟုလည်း TPGက ၎င်း၏ ထုတ်ပြန်ချက်အပေါ် ရှင်းလင်းထားသည်။

စစ်ကောင်စီတပ်ကပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့် စစ်ကောင်စီတပ်သားများသေဆုံးရသည့်သတင်းသိသိခြင်း တင်ရန်အင်တာနက်လိုင်းအခြေအနေနှင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေ​သောကြောင့် ယနေ့တွင် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး ရက်စွဲအတိအကျကို ပြန်စုံစမ်းပြီး ပြန်လည် ထုတ်ပြန်ပေးသွားမည်ဟုTPGကအသိ​ပေးသည်။စစ်​ကောင်စီတပ်​ဖွဲ့ဝင်များသေဆုံးမှုနှင့်ပတ်သပ်၍People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်ကို KNLA နှင့် PDF ပူး​ပေါင်းအဖွဲ့များက ​မေလ ၂၈ ရက်မှစ၍မကြာခဏတိုက်ခိုက်​နေသည်။သထုံမြို့နယ် ဝီယော်ကျေးရွာနှင့်ထုံးဘိုလေးကျေးရွာအကြားတွင် ​မေလ ၂၈ ရက်နေ့မှစတင်၍ဇွန်လလယ်အထိ့ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၂) နယ်မြေရှိ ပြည်သူ့ခုခံကာကွယ်
ရေးအင်အားစုများနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေရာစစ်ကောင်စီတပ်မှ အထိနာနေသောကြောင့် ကျေးရွာများဘက်သို့ပါ လက်နက်ကြီးများဖြင့်နေ့စဉ်ရမ်းသမ်း ပစ်ခတ်လျက်ရှိသည်။ထို​ကြောင့်အနီးရှိကျေးရွာများမှလမ်းများ ၊ တံတားများနှင့်နေအိမ်များ ပျက်စီးခဲ့သလိုတိုက်ပွဲအရှိန်အဟုန်မြင့်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ကြသော ဒေသခံစစ်ဘေးရှောင်များလည်း တစ်နေ့ တစ်ခြားများပြားလာလျက်ရှိ​ကြောင်း TPGက ထုတ်ပြန်သည်။

သထုံမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၁)နယ်မြေ၌ တည်ရှိပြီးဒေသတွင်းရှိKNU လက်အောက်ခံတပ်များ၊ ပြည်သူ့ကာကွ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook