Connect with us

Hi, what are you looking for?

သတင်း

ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန် ကွန်မန်ဒိုအထူးတပ်ဖွဲ့ဖွဲ့စည်း

စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ အနေဖြင့် သတိရှိစွာသွားလာနေထိုင်ရန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာပေးရန်လည်း တိုက်တွန်းသည်။

(အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဖွဲ့အား စတင်လေ့ကျင့်နေစဥ်)
(အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဖွဲ့အား စတင်လေ့ကျင့်နေစဥ်)

ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန် ကွန်မန်ဒိုအထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းနေပြီဖြစ်ကြောင်း အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တပ်မဟာ (၇)၊တပ်ရင်း – ၇၀၃က ထုတ်ပြန်သည်။

ထို့အပြင် စစ်​ကောင်စီတပ်၏ စစ်စခန်း​များ၊ မြို့သိမ်း တိုက်ပွဲ​များနှင့် အထူးစစ်ဆင်​ရေး​များကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ချင်း၊မကွေးနှင့် စစ်ကိုင်းတိုင်းရှိ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသများကို ကိုယ်စားပြုထားသည့် အ​နောက် ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကွန်မန်ဒိုအထူးတပ်ဖွဲ့ကို စတင်လေ့ကျင့်ပေးနေပြီဟု တပ်ရင်း – ၇၀၃ မှ တပ်ရင်း မှူးကိုစိုးမိုး အသိပေးသည်။

“ကျွန်တော်တို့ လူနည်းနည်း၊ အရည်အသွေးပြည့်မှီတဲ့ တကယ့် အထူးတပ်ဖွဲ့ ဖြစ်လာဖို့ကြိုး ပမ်းနေတယ်။အခုရဲဘော် ၃၀ကိုရွေးထားပြီး လေ့ကျင့်ရေးအစီအစဥ်တွေ စနေပြီ”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် လက်နက်ခဲယမ်းပြည့်စုံစွာ ထပ်မံတပ်ဆင်နိုင်ရန် ပြည်သူများ၏ အကူအညီများလိုအပ်နေဆဲဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ အနောက်ပိုင်းတိုင်စစ်ဒေသတွင် ဂန့်ဂေါခရိုင် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်မှအင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု တပ်ရင်း ၇၀၃က ပြောသည်။

စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ အနေဖြင့် သတိရှိစွာသွားလာနေထိုင်ရန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာပေးရန်လည်း တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Facebook