Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့ ကလျာဏီရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့်အပစ်ခံရ၊ ရာအိမ်မှူးနှစ်ဦး ကျည်ထိ

ယမန်နေ့ည ၈ နာရီခန့်က ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမည်မသိလူငယ်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်အိမ်မှူးနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ၎င်းဒေသခံများက ပြော သည်။

(စစ်​ကောင်စီတပ်ထောက်ခံသူ မစန္ဒီမြင့်အောင်နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့အား တွေ့ရစဥ်)
(စစ်​ကောင်စီတပ်ထောက်ခံသူ မစန္ဒီမြင့်အောင်နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့အား တွေ့ရစဥ်)

ပဲခူးမြို့ ကလျာဏီရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးကို သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှု ယမန်နေ့ (ဇွန် ၁၆)ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပဲခူးဒေသခံများက ပြောသည်။

ယမန်နေ့ည ၈ နာရီခန့်က ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမည်မသိလူငယ်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ဆယ်အိမ်မှူးနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ၎င်းဒေသခံများက ပြော သည်။

“မနေ့ညကဖြစ်သွားတာ။ ဖြစ်ဖြစ်ချင်းတော့ စကစတွေရောက်လာတယ်။ ဖမ်းဆီးစစ်ဆေးရှိမရှိ နောက်ဆက်တွဲအခြေအနေမငိရသေးဘူး” ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။

ရုံးအတွင်းဝင်ရောက်ပစ်ခတ်ခံရသည့် ကလျာဏီအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်သည် စစ်​ကောင်စီတပ်ထောက်ခံသူနှင့် ကြံ့ခိုင်ရေးပါတီဝင် မစန္ဒီမြင့်အောင်၏ဖခင်ဖြစ်ပြီး ၎င်းတို့မိသားစုသည် စစ်ကောင်စီတပ်နှင့် ပလဲနံပသင့်သူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မစန္ဒီမြင့်သည် စစ်​ကောင်စီတပ်​ထောက်ခံပွဲများနှင့် အမျိုးသား​ရေးဟုဆိုကာ ဆန္ဒပြပွဲတွင် အများဆုံးမြင်​တွေ့ရသူတစ်ဦးလည်း ဖြစ်သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး ၎င်း၏ဖခင်မှာ ရုံးအတွင်းရှိနေချိန်ဖြစ်၍ ထိမှန်ခံရခြင်းမရှိဘဲ ရုံးရှေ့တွင်ထိုင်နေသည့် ဆယ်အိမ်မှူးနှစ်ဦးသာ ကျည်ထိမှန်ခဲ့ပြီး ပဲခူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း မစန္ဒီမြင့်အောင်က ၎င်း ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။

အထက်ပါ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကို သက်ဆိုင်ရာအဖွဲ့အစည်းက ယနေ့နံနက်ပိုင်းအထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကောင်စီလက်ထက်အတွင်း ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် အနည်းဆုံးနှစ်ကြိမ်ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook