Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ပုံစံဖြင့် ကြိမ်းဝါးရာလာ​ရောက်​တောင်းပန်သည့် ပျူ​ခေါင်း​ဆောင်အပါအဝင် ​ခြောက်ဦးကို ရှင်းလင်းနိုင်ခဲ့ဟု ​မြောင်​တော်လှန်​ရေးတပ် အသိ​ပေး

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ မြင်းခြံဒေသခံတစ်ဦးက “ကျွန်တော်တို့ ပထမစကြားတာက ၃ ဦးအရှင်းခံရတယ်ဆိုပြီး သိရတယ်။ ဒဏ်ရာရပြီး သေတဲ့သူထပ်တိုးသွားတာဖြစ်မယ်။”ဟုပြောသည်။

(တိုက်ပွဲတစ်ခုမှ ပြန်လာ​သောMRAတပ်ဖွဲ့ဝင်များကိုပြည်သူများက ကြိုဆို​နေကြစဥ်။ ။ဓါတ်ပုံ-MRA)
(တိုက်ပွဲတစ်ခုမှ ပြန်လာ​သောMRAတပ်ဖွဲ့ဝင်များကိုပြည်သူများက ကြိုဆို​နေကြစဥ်။ ။ဓါတ်ပုံ-MRA)

​​မြောင်မြို့နယ်တွင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ပုံစံဖြင့် ကြိမ်းဝါးပြီးနောက် လာရောက်တောင်းပန်သည့် ပျူခေါင်းဆောင်အပါအဝင် ပျူစောထီးခြောက်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)က ယနေ့(ဇွန် ၂၀ရက်)တွင် ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ MRA ရဲဘော်များမှာ ဝတ်စုံများဖြင့် ကွေ့ကြီးကျေးရွာရှိ ပျူခေါင်းဆောင် အုန်းမြင့်ကို သုတ်သင်ရှင်းလင်းရန် ဇွန်လ၁၆ ရက် ည ၁၀ နာရီက သွားရောက်ချိန်တွင် ကွေ့ကြီးရွာအဝင်၌ ကင်းပုန်းဝပ်နေသော ပျူစောထီးများက စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် တော်လှန်ရေးရဲဘော်များမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများစတင်ခဲ့ရာ နယ်မြေခံ တပ်ဖွဲ့ဖြစ်သော နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ မှ ပူပေါင်း ပါဝင်အားဖြည့်ခဲ့ကြောင်း အသိပေးသည်။

ထိုအချိန်တွင် MRA ရဲဘော်များမှ “မင်းတို့ရွာ ငါတို့ လာတာကို ဒီလို ဧည့်ခံတာလားကွ”ဟု ကြိမ်းဝါးခဲ့ရာ ထိုစကားသံကိုကြားသော ပျူခေါင်းဆောင်များမှ Uniform ဝတ်ဆင်ထားသော MRA ရဲဘော်များကို စစ်ကောင်စီတပ်ဟု မှတ်ယူကာပြာပြာသလဲ ထအော်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပျူစောထီးအဖွဲ့များက “ဗိုလ်ကြီးတို့မှန်း မသိလို့ပါ သည်းခံပေးပါ…ခွင့်လွှတ်ပေးပါ” ဟု ဆက်တိုက် တောင်းပန်ပြီးနောက် MRA ရဲဘော်များမှ “ငါးရွာအုပ်ကြီး အောင်ကျော်ဆန်း ထွက်ခဲ့စမ်း”ဟု အော်ခေါ်လိုက်သည်ဟု ဆိုသည်။

ထို့နောက် ပျူခေါင်းဆောင် အုန်းမြင့် ၊ လက်ထောက် အောင်လွင်နှင့်အတူ နောက်လိုက် ပျူ သုံးယောက်မှာ လက်အုပ်လေးချီကာ ‌ရှေ့သို့ ထွက်လာခဲ့ပြီး “အောင်ကျော်ဆန်းက ဗိုလ်ကြီးတို့ ပစ်လိုက်တဲ့ ကျည်ထိပြီး မထနိုင်တော့ပါဘူး… ကျတော်တို့ ကင်းစောင့်နေကြတာပါဗျ. တောင်းပန်ပါတယ် ဗိုလ်ကြီး…ခွင့်လွှတ်ပေးပါ…ဗိုလ်ကြီးတို့မှန်း မသိလို့ စတင် ပစ်မိတာပါ “ဟု ဒူးထောက်ကာ တောင်းပန်ကြောင်း ဖော်ပြသည်။

ထိုအခြေအနေကို အသုံးချ၍ လက်ဦးမှုရယူကာ ရဲဘော်များမှ တရစပ်ပစ်ခတ်ပြီး ထိုပျူများအား သုတ်သင် ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ပျူများ ထပ်မံရောက်ရှိလာသောကြောင့် လက်ပစ်ဗုံး တစ်လုံးပစ်သွင်းနိုင်သောကြောင့် အကူရောက်ရှိလာသော ပျူစောထီးများ ထွက်ပြေးသွားကာ ရဲဘော်များကနောက်မှ လိုက်ပစ်ခဲ့ပြီး တိုက်ပွဲပြီးဆုံးသွားခဲ့ကြောင်း MRA က ပြောသည်။

“ပျူစောထီးတွေအပါအဝင် စစ်ကောင်စီတပ်ကို ရရင် ရသလို အမြစ်ပြတ်ချေမှုန်းသွားမယ်။စစ်ကောင်စီလက်ပါးစေတွေအနေနဲ့လည်း အသိတရားမရသေးသ၍ တိုက်ခိုက်တာတွေကို ကျွန်တော်တို့ ဆက်လုပ်သွားမယ်”ဟု MRA က လူထုနွေဦးသို့ ပြောသည်။

ထိုတိုက်ပွဲတွင် ရဲဘော်များရှေ့တွင်ပင် ပျူခေါင်းဆောင်များဖြစ်ကြသော အုန်းမြင့်၊ အောင်ကျော်ဆန်းနှင့် အောင်လွင် အပါအဝင် ပျူ ​ခြောက်ဦးသေဆုံးကာ ပျူများစွာထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ မြင်းခြံဒေသခံတစ်ဦးက “ကျွန်တော်တို့ ပထမစကြားတာက ၃ ဦးအရှင်းခံရတယ်ဆိုပြီး သိရတယ်။ ဒဏ်ရာရပြီး သေတဲ့သူထပ်တိုးသွားတာဖြစ်မယ်။”ဟုပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။