Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် စစ်အုပ်စုကို လက်နက်ခဲယမ်းမပြည့်စုံမှုကြောင့် တားဆီးနိုင်စွမ်းမရှိသေးဟုဆို

စစ်ဒေသ အမှတ်(၁)၊ အနောက်ပိုင်းတိုင်းစစ်ဒေသရှိ ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ လက်သပ်မွေးမြူထားသော ပျူစောထီးအဖွဲ့များ အများအပြားရှိ‌နေကြောင်း ထုတ်ပြန်သည်။

ပြည်သူကာကွယ်ရေးတပ်မတော်တပ်မဟာ(၇)တပ်ရင်း (၇၀၃)

ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်ပါးစေ ပျူစောထီးများကို လက်နက်ခဲယမ်းမပြည့်စုံမှုကြောင့် တားဆီးနိုင်စွမ်းမရှိသေးကြောင်း ပြည်သူကာကွယ်ရေးတပ်မတော်တပ်မဟာ(၇)တပ်ရင်း (၇၀၃)က ယနေ့(ဇွန် ၂၀) အသိပေးထုတ်ပြန်သည်။

သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရနိုင်သမျှ လက်နက်များဖြင့် စစ်ဘေးသင့်နယ် မြေများအား အပြည့်အဝထိန်းချုပ်နိုင်ရန် အစဉ်တစိုက်ကြိုးစားလျက်ရှိကြောင်း ဖော်ပြသည်။

စစ်ဒေသ အမှတ်(၁)၊ အနောက်ပိုင်းတိုင်းစစ်ဒေသရှိ ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ လက်သပ်မွေးမြူထားသော ပျူစောထီးအဖွဲ့များ အများအပြားရှိ‌နေကြောင်း ထုတ်ပြန်သည်။

အဆိုပါ ပျူစောထီးများနှင့် စစ်ကောင်စီတပ်များပူး ပေါင်းပြီး တစ်လတစ်ကြိမ်ခန့် နီးစပ်ရာ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ ရိက္ခာနှင့် တန်ဖိုးရှိပစ္စည်း‌များကို လာရောက်လုယက်လေ့ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒါတင်မက ရွာသားအချို့ကိုလည်းသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာလည်း လက်မရွံ့တမ်းလုပ် ဆောင်ကြတယ်”ဟု တပ်မဟာ(၇)တပ်ရင်း (၇၀၃)က ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကျူးလွန်နေသည့် အထက်ပါအခြေအနေများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ လက်နက်ခဲယမ်းမပြည့်စုံ၍ တားဆီးနိုင်စွမ်းမရှိသေးသောကြောင့် ဆုံးရှုံးမှုများရှိနေကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။