Connect with us

Hi, what are you looking for?

သတင်း

CDM Medical Network က ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့ ကမ်ပိန်းစတင်

“ကျွန်တော်တို့ရဲဘော်တွေ ကျန်းမာမှ ဖြစ်ပါမယ်။ ကျန်းမာမှ အင်ပြည့်အားပြည့် တိုက်ပွဲဝင်နိုင်ပါမယ်”ဟု CDM Medical Network က ပြော သည်။

CDM Medical Network က ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့ ကမ်ပိန်းစတင်
CDM Medical Network က ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့ ကမ်ပိန်းစတင်

တော်လှန်ရေးရဲဘော်များ အဆုံးသတ်တိုက်ပွဲကို လျှောက်လှမ်းရာတွင် ငှက်ဖျားကြောင့် မနှောင့်နှေးစေလို၍ ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့ ကမ်ပိန်း စတင်လိုက်ကြောင်း CDM Medical Networkက အသိပေးသည်။

ဝါဆိုမိုးနှင့်အတူ ငှက်ဖျားပိုးများလည်း ပါလာတော့မည်ဖြစ်၍ “ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့” ကမ်ပိန်းကို စတင်လိုက်ခြင်းဖြစ်ပြီး အချိန်ကာလ နှစ်ပတ်တိတိ သတ်မှတ်ထားသည်ဟု ဖော်ပြသည်။

ပုံမှန်ငှက်ဖျားရောဂါအတွက် ပျမ်းမျှဆေးဝါးကုန်ကျငွေမှာ ရဲဘော်တဦးလျှင် ၇,၀၀၀ ကျပ်ခန့်ကျသင့်သော်လည်း ဒေသအသီးသီးသို့ ဖြန့်ဝေစရိတ်များနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့ကိုလည်းရည်ညွှန်းပြီး ရဲဘော်တစ်ဦးလျှင် ၇,၇၀၀ကျပ် သတ်မှတ်ထားသည်ဟု အသိပေးသည်။

CDM Medical Network က ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့ ကမ်ပိန်းစတင်
CDM Medical Network က ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့ ကမ်ပိန်းစတင်

“ငွေ ၇,၇၀၀ ကျပ်ရှိရုံနဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကို ငှက်ဖျားအန္တရာယ်ကနေ အခုပဲအသက်ကယ်လို့ရပါပြီ”ဟု CDM Medical Network က ပြောသည်။

Public Service Announcement

Public Service Announcement

ယခုကမ်ပိန်းအစီအစဥ်တွင် တော်လှန်ရဲဘော် အယောက် ၄,၀၀၀၏ အသက်ကို ငှက်ဖျားဘေးဆိုးလက်တွင်းမှ အားလုံးအတူကယ်တင်ကြမည်ဟု ရည်မှန်းထားကြောင်းလည်း CDM Medical Network က ဆက်ပြောသည်။

ကမ္ဘာ့စစ်သမိုင်းကြောင်းတလျှောက်ငှက် ဖျားရောဂါနှင့် စစ်ပွဲများ အတူဒွန်တွဲနေခဲ့ပြီး ပထမကမ္ဘာစစ်တုန်းကဆိုလျင် စစ်သားပေါင်း (၁.၅) သန်းကူးစက်ခံရပြီး ၀.၂ ကနေ ၅ ရာခိုင်နှုန်း (စစ်သားပေါင်း ၇၅,၀၀၀)အထိသေဆုံးခဲ့ကြောင်း နိုင်ငံတကာစာတမ်းများကိုကိုးကားပြီး ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်မှာလည်း တောင်ပစိဖိတ်စစ်မျက်နှာပြင်မှာ ဂျပန်တွေနဲ့တိုက်ခိုက်ခဲ့ကြတဲ့ အမေရိကန်စစ်သားပေါင်းများစွာ ငှက်ဖျားရောဂါဒဏ်ခံစားခဲ့ကြရပြီး စစ်ပွဲကာလဟာ ခန့်မှန်းချိန်ထက် ပိုမိုကြန့်ကြာခဲ့ကြောင်း ထောက်ပြသည်။

ထိုအ​ခြေအနေများကို ထောက်၍ လက်ရှိ ဖက် ဒရယ်ဒီမိုကရေစီလမ်းကြောင်းတွင်လည်း အသက်သွေးချွေးပေါင်းများစွာပေးဆပ်ထားသော​ရဲဘော်အား ငှက်ဖျားက လက်ဦးမှုအရင်ယူသွားခြင်း မျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်မှုနှင့် ကုသမှုများမှာ အရေးကြီးသည်ဟု ဆိုသည်။

“ကျွန်တော်တို့ရဲဘော်တွေ ကျန်းမာမှ ဖြစ်ပါမယ်။ ကျန်းမာမှ အင်ပြည့်အားပြည့် တိုက်ပွဲဝင်နိုင်ပါမယ်”ဟု CDM Medical Network က ပြော သည်။

ထို့ကြောင့် ရဲဘော်တစ်ဦးကို ၇၇၀၀ ကျပ်နှုန်း​ဖြင့် ရဲဘော်ဘယ်နှစ်ဦး၏ အသက်ကိုကယ်နိုင်ကြမလဲဆိုသည်ကို challenge ခေါ်ချင်သည်ဆိုပါက CDM Medical Network ၏ Page Messenger သို့ ဆက်သွယ်နိုင်ပြီဟု အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။