Connect with us

Hi, what are you looking for?

သတင်း

ရွာငံမြို့နယ်မှ သစ်တောဦးစီးမှူး ဝမ်းတွင်းမြို့နယ်တွင် ရှင်းလင်းခံရ

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) သည် မေလ ၂၁ ရက်ကလည်း ကင်းလှည့်လာသည့် စစ်ကောင်စီ၏ ရဲနှစ်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးသွားပြီးနောက် တစ်ဦးသေဆုံးခဲ့သေးသည်။

(အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရသည့် လမ်း။ရှင်းလင်းခံရသည့် သစ်တောဦးစီးမှူး၊ ဓာတ်ပုံ - WTRF)
(အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရသည့် လမ်း။ရှင်းလင်းခံရသည့် သစ်တောဦးစီးမှူး၊ ဓာတ်ပုံ - WTRF)

▪️အ​လောင်းလာ​ကောက်သည့် စစ်​ကောင်စီတပ်ယာဥ်ပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှ သစ်တောဦးစီးမှူး ဝမ်းတွင်းမြို့နယ်တွင် သုတ်သင်ရှင်းလင်းခံရပြီး အလောင်းလာကောက်သည့် အကြမ်းဖက်စစ်​ကောင်စီတပ်ယာဥ်ပါ မိုင်းဆွဲခံရကာ ​ခြောက်ဦးခန့်သေဆုံးနိုင်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF)က ထုတ်ပြန်သည်။

ယနေ့(ဇွန်လ၂၂ရက်) မွန်းလွဲ ၁၂နာရီ၁၅မိနစ်အချိန်က မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကြွယ်ကန်ကျေးရွာအရှေ့ဘက်အထွက်တွင် ရွာငံမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရိစ္ဆာန်ထိမ်းသိန်းရေးဦးစီးဌာနဦးစီးမှူး မင်းခိုင်ဦးဆိုသူအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း WTRF၏ ထုတ်ပြန်ချက်တွင်ဖော်ပြ သည်။

(အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရသည့် လမ်း။ရှင်းလင်းခံရသည့် သစ်တောဦးစီးမှူး၊ ဓာတ်ပုံ - WTRF)
(အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရသည့် လမ်း။ရှင်းလင်းခံရသည့် သစ်တောဦးစီးမှူး၊ ဓာတ်ပုံ – WTRF)

ထိုဦးစီးမှူးသည် စစ်တပ်မှ အသွင်ပြောင်းလာသူ ရှမ်းပြည်နယ်အတွင်းနေထိုင်သည့် တော်လှန်ရေးအင်အားစုများနှင့် သစ်ခုတ်ပြည်သူများကို ဒုက္ခပေးနေသူဖြစ်ကြောင်း၊ ၎င်းသည် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့်ပူးပေါင်းကာ ပျူစောထီးများဖွဲ့စည်း၍ သစ်တောအရာရှိများအသွင်ယူကာ တောင်ပေါ်အနှံ့ ထောက်လှမ်းရှာဖွေဒုက္ခပေးနေ၍ ရှင်းလင်းရခြင်းဖြစ်ကြောင်း WTRF က အသိပေးသည်။

သစ်တောဦးစီးမှူးအား ရှင်းလင်းခဲ့ခြင်းနှင့်ပတ်သက်၍ WTRF တာဝန်ရှိသူက “အရှင်းခံရတဲ့မင်းခိုင်ဦးက ကြွယ်ကန်ကျေးရွာကနေအစည်းဝေးပြန်လာတာ။ သူက တောင်ပေါ်က တဲရွာပေါက်စလေးတွေ အကုန်မီးနဲ့ရှို့တာ။ တချို့ရွာတွေပြောင်းခိုင်းတာ။ ။ ယုတ်မာနေတာတော့ နှစ်ဆယ်နဲ့ချီပြီတဲ့။ သစ်သမားတွေအပေါ်ခေါင်းပုံဖြတ်တာတွေမနည်းဘူး။ တချို့တောင်ပေါ်ရွာတွေက ရွာရွှေ့ရမှာကြောက်တော့ သူခိုင်းတာလိုက်လုပ်ရင်း တူမီးတွေတကားကားနဲ့ပျူတွေဖြစ်ကုန်တာ။”ဟု ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ညနေ၃နာရီခန့်တွင် ၎င်း၏ရုပ်အလောင်းအား မိတ္ထီလာမြို့ဘက်မှ စစ်သား ​ခြောက်ဦးပါယာဥ်ဖြင့် လာကောက်ခဲ့ပြီး ပြန်အထွက်တွင် ဝမ်းတွင်းမြို့နယ်၊ ရွဲသီးကျေးရွာအနောက်ဘက်အရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း WTRFက ထပ်မံထုတ်ပြန်ထားသည်။

ကားမီးလောင်ပျက်စီးပြီး အဆိုပါကားပေါ်ပါ အကြမ်းဖက်စစ်သားများ သေဆုံးနိုင်သည်ဟု ဆိုသည်။

“ခြောက်ဦးလောက် သေဖို့များတယ်။ မိုင်း၃လုံး ညှပ်ဆော်တာ။ကားကို မမြင်ရဘူး။ မီးခိုးလုံးကြီးနဲ့အူထွက်ကုန်တာပဲ။”ဟု WTRF တာဝန်ရှိသူက ပြောသည်။

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) သည် မေလ ၂၁ ရက်ကလည်း ကင်းလှည့်လာသည့် စစ်ကောင်စီ၏ ရဲနှစ်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးသွားပြီးနောက် တစ်ဦးသေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

သတင်း

သစ်တောကြိုးဝိုင်းလုပ်ငန်းများကိုလည်း ကြိုးစားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ အလောင်းတော်ကဿပ သစ်တောကြိုး၀ိုင်းထဲမှာ တောရိုင်း တိရစ္ဆာန်အသံ၊ကျေးငှက်အသံနဲ့ ပုဇင်းအော်သံတွေ မကြားရသ​လောက်နီးပါး​လျော့ပါးသွားပါတယ်။

သတင်း

ရွာငံ- အောင်ပန်းလမ်းပိုင်း ရဲ့ ရွာငံမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မနေ့ နေ့ခင်းပိုင်းက တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တာ လို့ သိရပါတယ်။