Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ စစ်တပ်ကဝင်ဖမ်းရာ ၄ ဦးပါသွား

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာစစ်ကောင်စီတပ်က ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ စက်ဆန်ပိုင်ရှင်နဲ့ အလုပ်သမားတွေအပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

စစ်မှုထမ်း အပတ်စဥ် ၁၆ သင်တန်းတက်နေရတဲ့ လူငယ်များကို တွေ့ရစဥ်။ ဓာတ်ပုံ-ပသစ

စက်တင်ဘာ-၃၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာစစ်ကောင်စီတပ်က ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ စက်ဆန်ပိုင်ရှင်နဲ့ အလုပ်သမားတွေအပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂ ရက် ညနေပိုင်းကရန်ကုန်-မန္တလေး အမြန်လမ်းဘေးရှိ အင်းကုန်းကျေးရွာမှ ဆန်စက်အတွင်းသို့ စစ်ကောင်စီတပ်ရောက်လာပြီး စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ ဆန်စက်ပိုင်ရှင်ရဲ့သားတစ်ဦး၊ ကုက္ကိုခါးလှရွာနဲ့ ကန်ပတ်လည်ရွာတို့မှ အလုပ်လာလုပ်တဲ့ လူငယ်အလုပ်သမား ၃ ဦး စုစုပေါင်း ၄ ဦး ဖမ်းဆီးခံလိုက်ရကြောင်း Voice of Wundwin အဖွဲ့က ပြောပါတယ်။

အလားတူ စက်တင်ဘာ ၂ ရက်ညကနေကပဲ ပင်းတလဲ-မိတ္ထီလာလမ်းဘေးရှိတောင်ဆည်ရွာမှ နွားကျောင်းသား နှစ်ဦး ဖမ်းဆီးခံရကြောင်း၊ ဒါ့အပြင် ခံဘဲ့ဆေးရုံက မီးဖွားလူနာစောင့်အမျိုးသား တစ်ဦးလည်း အပြင်ဆေးထွက်ဝယ်ချိန် ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဝမ်းတွင်းကတော်တော်ဆိုးနေတယ်။ ယောကျာ်းသားတွေမှန်သမျှအပြင်မထွက်ရဲတော့ဘူး။”လို့ ဝမ်းတွင်းဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာလည်း ပင်းတလဲစခန်းမှ ရဲနဲ့စစ်သားတွေဟာ လိုက်ထရက်ကားနဲ့ ထွက်သွားလို့ ပြည်သူတွေသတိပြုနေထိုင်ကြဖို့ Voice Of Wundwin အဖွဲ့က သတိပေးထားပါတယ်။

ဝမ်းတွင်းမြို့နယ်ဟာ မန္တလေးတိုင်းအတွင်းမှာ စစ်မှုထမ်းဖို့ လူငယ်တွေ အများဆုံးဖမ်းဆီးခံရတဲ့ မြို့နယ်တွေထဲ ပါဝင်နေပါတယ်။ စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းစေခဲ့ရာမှာ အခုအခါ အပတ်စဥ် ၁၇ ကို စတင်ဖို့ ကြိုးစားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မြေးနှစ်ဦးကို နိုင်ငံခြားပို့ထားတဲ့ ရုပ်ရှင်ဒါရိုက်တာပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေချိန် စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းကြောင်းပြောပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

Facebook