Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်မှုထမ်းရမယ့်စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

စစ်သားသစ်အဖြစ် အဓမ္မစု​ဆောင်းပြီးစစ်သင်တန်း​ပေး​နေသည့် စစ်သားသစ်အချို့။ ဓါတ်ပုံ-စစ်​ကောင်စီ

ရူပါ/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်​ကောင်စီက လူဦးရေ(၁၈၉)ဦး ပါဝင်တဲ့စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ စာရင်း ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီစာရင်းထဲမှာ သံဃာတော်နှစ်ပါးပါ စစ်မှုထမ်းရမယ့်စာရင်းထဲ ပါဝင်လာကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

“အဲ့ရွာကို စမထ စာရင်းဆိုပြီး ပြီးခဲ့တဲ့တစ်ပါတ်လောက်က လူဦးရေ ၁၈၉ ယောက်ပါစာရင်းကို စခ တွေလာပေးသွားတယ်တဲ့။ ဒါပေမယ် အဲ့စာရင်းထဲကလူတွေကိုတော့ လာမခေါ်ကြသေးဘူး။ အဲ့စာရင်းမှာက စာဝါလိုက်နေတဲ့ ငယ်ဖြူ သံဃာနှစ်ပါး နာမည်ပါပါနေတာ။”လို့ Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ ရဲ့စစ်မှုမထမ်းမ​နေရ ဥပ​​ဒေမှာ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့် ရသူ​တွေထဲမှာ သံဃာ​တော်​တွေ ပါဝင်တယ်လို့ ဆို​ပေမယ့် သဘွတ်ကုန်းရွာ စစ်မှုထမ်းစာရင်းမှာ သံဃာ​တော် ၂ ပါးပါဝင်​နေတာဖြစ်ပါတယ်။

သဘွတ်ကုန်းရွာမှာ စစ်တပ်အာဏာသိမ်းပြီးက
တည်းက အုပ်ချုပ်ရေးမှူးမရှိဘဲ ဘုန်းကြီးကျောင်းက ဆရာတော်ကနေ အုပ်ချုပ်နေကြောင်း၊ ရွာအဝင်တွေမှာ တံခါးပေါက်တွေလုပ်ပြီးကင်းအ
လှည့်ကျစောင့်စနစ်နဲ့အချက်ပေးသံချောင်းတွေနဲ့လုပ်ထားကြောင်း ဝမ်းတွင်းဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ညက အဲဒီသဘွတ်ကုန်းရွာကို
စစ်ကောင်စီတပ်တွေ ရောက်ရှိလာလို့ သံချောင်း
ခေါက်ပြီးအသိပေးခဲ့​ကြောင်း၊ စစ်ကောင်စီတပ်ကလည်း ရွာတံခါးသော့ကိုဖျက်ပြီး ရွာထဲဝင်ကာ စျေးဆိုင်တစ်ဆိုင်ကိုဖျက်ဆီးပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

ဒါ့အပြင် နောက်တစ်ရက်မနက်မှာလည်း သဲတောမြို့ပေါ်အလုပ်သွားလုပ်တဲ့ သဘွတ်ကုန်းရွာပြည်သူအချို့ကို စစ်တပ်က ဖမ်းဆီးသွား​ကြောင်း သိရှိရပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ယခုနှစ်ဆန်းပိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ အများအပြား ဖမ်းဆီးနေကြောင်း သတင်းရရှိပါတယ်။

စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရဥပ​ဒေရဲ့ နည်းဥပ​ဒေကို ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ပြဌာန်းပြီး​နောက်ပိုင်း စစ်သားသစ် အဓ္ဓစု​​ဆောင်းမှု ပိုမိုအတင့်ရဲစွာ ပြုလုပ်​လာပါတယ်။ စစ်ကာင်စီက နိုင်ငံဟာ ပုံမှန်မဟုတ်တဲ့ အ​ရေး​ပေါ်အ​ခြေအ​နေ သတ်မှတ်ရင်စစ်မှုထမ်းဖို့ သတ်မှတ်ချက်ပြည့်မိသူ​တွေအားလုံးကိုဆင့်​ခေါ်နိုင်တယ်လို့ ​နည်းဥပ​ဒေက ဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၁၁)အတွက်ဆိုပြီး မဲနှိုက်တာတွေ စတင်လုပ်နေပြီး မြို့နယ်စစ်ကောင်စီအဖွဲ့က မဲစာရင်းထဲမပါချင်ရင် ကျပ်သိန်း၁၀၀အထိ တောင်းယူတာတွေ လုပ်နေတ‌‌ယ်လို့ ‌‌‌ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အင်းမမြို့တွင် စစ်ကောင်စီက အဓမ္မတပ်သားသစ်စုဆောင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသော ပြည်သူနှစ်ဦးကို မဟာမိတ်များနှင့်ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက ပြောသည်။

သတင်း

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းရာမှာ မိသားစုဝင်တွေကိုပါ ကိုယ်စား မဲနှိုက်ခိုင်းတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ပြုလုပ်စေတယ်လို့ ရပ်ကွက်နေပြည်သူအချို့ထံကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြစ်သားမြို့တွင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသော လူငယ်တစ်ဦးသည် ကားပေါ်မှ ခုန်ဆင်းထွက်ပြေးရာ စစ်ကောင်စီက သေနတ်ဖြင့် အသေပစ်ခတ်လိုက်သည်။