Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ဖိအားတိုးမြှင့်ပေးရန် အာဆီယံကိုကုလအထူးအစီရင်ခံစာတင်သွင်းသူ တိုက်တွန်း

“ကျွန်တော်တို့ အချိန်ဆွဲပြီး ဘာလုပ်ဆောင်မှု မလုပ်လေလေ မြန်မာပြည်သူတွေ ပိုသေဆုံးလေ လေ၊ ဒုက္ခပိုခံရလေလေ” ဟု ၎င်းက ဆက်ပြောသည်။

Tom Andrews
Tom Andrews

အာဆီယံသည် မြန်မာစစ်ကောင်စီကို ဖိအားပေးမှုမြှင့်တင်ရမည်ဖြစ်ပြီး ယင်းသို့မလုပ်ဆောင် ပါက မြန်မာပြည်သူများ ပိုမိုသေကြေကာ ဒုက္ခခံစားရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထူးအစီရင် ခံစာတင်သွင်းသူ Tom Andrews က ယနေ့ပြောကြားသည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အာဆီယံ၏ ကြိုးပမ်းမှုများသည် အဖွဲ့ဝင်နိုင်ငံများအကြား သဘောကွဲလွဲမှုများကြောင့် ဖြစ်ပေါ်တိုးတက်မှုမရှိပေ။

ပြီးခဲ့သည့်နှစ်တွင် အကြမ်းဖက်မှုများရပ်တန့်ရေး၊ အပြုသဘောဆောင်တွေ့ဆုံဆွေးနွေးမှုများ တောင်းဆိုထားသော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အာဆီယံခေါင်းဆောင်များက သဘောတူခဲ့ ကြသော်လည်း မြန်မာစစ်ကောင်စီက ယင်းဆုံးဖြတ်ချက်များကို ပစ်ပယ်ထားသည်။

အာဆီယံအတွင်း သဘောကွဲလွဲမှုများက အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းမှုများကို ရှုပ် ထွေးစေခဲ့သည်။

Public Service Announcement

Public Service Announcement

အာဆီယံ၏ ကြိုးပမ်းမှုအပေါ် Tom Andrews က “ရှင်းရှင်းလင်းလင်းပြောရရင် ဒီထက်ပိုပြီး လုပ်ဆောင်ဖို့လိုအပ်နေပါတယ်” ဟု ပြောသည်။

“ကျွန်တော်တို့ အချိန်ဆွဲပြီး ဘာလုပ်ဆောင်မှု မလုပ်လေလေ မြန်မာပြည်သူတွေ ပိုသေဆုံးလေ လေ၊ ဒုက္ခပိုခံရလေလေ” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာပြည်သူများသည် အာဆီယံ၏ ဘာမျှ မလုပ်ဆောင်သည့် နောက်ထပ်တစ်နှစ်ကို စောင့် ဆိုင်းနိုင်မည်မဟုတ်ကြောင်း Tom Andrews က မလေးရှားခရီးစဉ်၌ ပြောသည်။

မလေးရှားသည် စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာဝေဖန်ရှုတ်ချထားပြီး Tom Andrews က မြန်မာစစ်တပ်၏ ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အစီရင်ခံစာရေးသားရန် မလေးရှားသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

ကိုးကား – AFP ၊ France 24

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook