Connect with us

Hi, what are you looking for?

သတင်း

မုံရွာခရိုင်စီမံကောင်စီဝင် ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီတပ် ဖမ်းဆီးထားသူများမှာ ဗိုလ်လရောင်နှင့်မသက်ဆိုင်သော ပြည်သူများသာဖြစ်ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) ထုတ်ပြန်

ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်။

မုံရွာခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုအမည်မသိ​သေနတ်သမားက ပစ်ခတ်ရှင်းလင်း
မုံရွာခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုအမည်မသိ​သေနတ်သမားက ပစ်ခတ်ရှင်းလင်း

မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဝင်အား ရှင်းလင်းပြီးနောက် ကျဆုံးသွားသည့် ဗိုလ်လရောင်၏ မိသားစုအား ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီး ယခုဖမ်းဆီးခံထားရသူများမှာ ဗိုလ်လရောင်နှင့်မသက်ဆိုင်သော ပြည်သူများသာဖြစ်ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က ယနေ့ (ဇွန်လ၂၄ရက်နေ့)တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ရက်က မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ရဲတပ်ဖွဲ့ဝင်များအား မကွေးတိုင်းအခြေစိုက် ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)အဖွဲ့က ရှင်းလင်းခဲ့ရာ ဗိုလ်လရောင်ကျဆုံးခဲ့သည်။

ဗိုလ်လရောင်(ခ)ကိုနေထက်လင်း၏ ဇနီးနှင့်သမီးတို့သည် မဟာမိတ်ညီအကိုများဖြစ်သော Monywa Fighter Groups နှင့် နဂါးနက်တပ်ဖွဲ့တို့ ကူညီကယ်ထုတ်မှုကြောင့် ဘေးကင်းလုံခြုံသော နေရာတစ်ခုတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ယနေ့ ဝံပုလွေ ပြောက်ကျား တပ်ဖွဲ့(မြိုင်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံး
ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံး

စီမံကောင်စီရှင်းလင်းခံရခြင်းနှင့်ပတ်သက်၍ မုံရွာမြို့မှ ရှေ့နေတစ်ဦးအပါအဝင် ပြည်သူအချို့အား အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီမှ ယခု ဖမ်းဆီးထားသောသူများသည် ကျဆုံးရဲဘော် ဗိုလ်လရောင်၏ မိသားစုဝင်များ(လုံးဝ)မဟုတ်ဘဲ မတရားဖမ်းဆီးခံထားရသော အပြစ်မဲ့ပြည်သူများသာဖြစ်ကြောင်း၊ အဖွဲ့ဝင်များလည်း (လုံးဝ)မဟုတ်သလို ပတ်သက်ဆက်နွယ်ခြင်းလည်း( လုံးဝ)မရှိကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က ကြေညာသည်။

ဇွန်လ ၁၉ ရက် နံနက်၇နာရီခန့်က ဝံပုလွေပြောက်ကျား တပ်ဖွဲ့(မြိုင်)၏ ဗိုလ်လရောင်ဦးဆောင်သောအဖွဲ့သည် စစ်ကိုင်းတိုင်း မုံရွာမြို့ ကျောက္ကာလမ်းရှိ ရွှေအိမ်နန်းတည်းခိုခန်းအနီးတွင် စစ်ကောင်စီခန့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သန်းဇော်ထွန်းဆိုသူအား ပစ်ခတ် ရှင်းလင်းခဲ့သည်။

၎င်း သန်းဇော်ထွန်းအား ပစ်ခတ်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွာလာသော ရဲဘော်များသည် နံနက် ၈နာရီခန့်တွင် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ဗန္ဓုလလမ်း ရေကူးကန်အနီးတွင် စစ်ကောင် စီတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲနှစ်ဦး၊ စုစုပေါင်း ရဲသုံးဦးခန့်သေဆုံးခဲ့သည်ဟု ဆိုသည်။

ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။