Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ် နတ်တွင်းရွာမှ စစ်ကောင်စီသတင်းပေး တွဲဖက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ရှင်းလင်းခံရ

ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၁နာရီခန့်တွင် ဦးအောင်သန်းကို ၎င်း၏ နေအိမ်၌ပင်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ Dawei Guerrilla Revolutionary Force နှင့် ပူးပေါင်းရှင်းလင်းခဲ့သည်ဟု ဆို သည်။

Launglone People Defence Force
Launglone People Defence Force

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် နတ်တွင်းရွာမှ နာမည်ကြီး စစ်ကောင်စီသတင်းပေး တွဲဖက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ရှင်းလင်းခဲ့ကြောင်း Launglone People Defence Force က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၁နာရီခန့်တွင် ဦးအောင်သန်းကို ၎င်း၏ နေအိမ်၌ပင်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ Dawei Guerrilla Revolutionary Force နှင့် ပူးပေါင်းရှင်းလင်းခဲ့သည်ဟု ဆို သည်။

ထို့အပြင် နတ်တွင်းရွာ၏ အုပ်ချုပ်ရေးမှူး မင်းမင်း ကိုလည်း သွားရောက်ရှင်းလင်းခဲ့ရာ နေအိမ်မှ ထွက်ပြေးတိမ်ရှောင်သွားပြီး ၎င်းနေအိမ်၌ တပ်ဆင်ထားသော CCTV record ကို ရယူဖျက်ဆီးချိန်မရှိခဲ့သဖြင့် လုံခြုံရေးအရ နေအိမ်ဆီဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ရသည်ဟု အသိပေးသည်။

နတ်တွင်းရွာရှိ စစ်ကောင်စီဘက်တော်သား နာမည်ကြီးဒလန် ငါးဦးအနက်လေးဦးကို ရှင်းလင်းရန် ကျန်ရှိနေသည်သေးသည်ဟုလည်း LPDF က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ထိုကျန်ရှိသူများသည် ပြည်သူ့ဘက်သို့ အမြန်ဆုံးရပ်တည်ကူပြောင်းရန် လိုအပ်ပြီး လိုက်နာခြင်းမရှိပါက အချိန်နေရာမရွေး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။