Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ် တောင်ဦး​ရွာသို့ စစ်​ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်၍ ရွာသူ၊ရွာသားများထွက်ပြေးတိမ်းရှောင်​နေရ

စစ်​ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။

(အကြမ်းဖက်စစ်တပ်ဝင်ရောက်လာ၍ တောင်ဦးရွာ၊သူရွာသားများ ထွက်ပြေးတိမ်းရှောင်​နေစဥ်။ ဓာတ်ပုံ - Cj)
(အကြမ်းဖက်စစ်တပ်ဝင်ရောက်လာ၍ တောင်ဦးရွာ၊သူရွာသားများ ထွက်ပြေးတိမ်းရှောင်​နေစဥ်။ ဓာတ်ပုံ - Cj)

▪️အသက် (၄၀)အရွယ်အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် တောင်ဦး​ကျေးရွာသို့ အကြမ်းဖက်စစ်​ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်၍ ရွာသူ၊ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇွန်လ၂၄ရက်) နံနက်၉နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေစကြိုမြို့နယ် တောင်ဦးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများက ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အသက် (၄၀)အရွယ် ကိုထွန်းသန်းဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်သားများသည် ယမန်နေ့ညကလည်း တောင်ဦးရွာ၌ပင် ညအိပ်တပ်စွဲခဲ့၍ ရွာသူ၊ရွာသားများမှာ မပြန်ရဲဘဲ တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။

ယမန်နေ့ ညနေ ၄နာရီခန့်က ရေစကြိုမြို့နယ် တောင်ဦးရွာနှင့် အောင်သပြေ​ကျေးရွာကြားတွင်လည်း စစ်​ကောင် စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ​လေးဦး နေရာတွင်​သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က ထောက်ပို့ရဲဘော်တစ်ဦးလည်း ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က အသိ ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook