Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ်သောလူမဆန်မှုကို ပြင်သစ်သံရုံး ပြင်းထန်စွာရှုတ်ချ

ဥရောပသမဂ္ဂ(EU)ကလည်း ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့သော ဆက်ဆံမှုပုံစံအားလုံးကို ဆန့်ကျင်လုပ်ဆောင်ရန် ဟူသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း ယနေ့ထုတ်ပြန်သည်။

(အကြမ်းဖက် စစ်တပ်က ၂၀၂၂ မေလ ၁ဝ ရက်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသား ၃၀ ခန့်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားစဥ်)
(အကြမ်းဖက် စစ်တပ်က ၂၀၂၂ မေလ ၁ဝ ရက်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသား ၃၀ ခန့်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားစဥ်)

စိတ်ပိုင်းဆိုင်ရာ(သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားရသူများနှင့် ဆက်လက်ရပ်တည်မည်ဟု အီးယူထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းများအတွင်း ညှင်းပန်းနှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ်သော လူမဆန်သည့် ဆက်ဆံမှုများအပေါ် အလွန် စိုးရိမ်ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့တွင် ပြင်သစ်သံရုံးက ယင်းသို့ထုတ်ပြန်ခြင်းဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ပြည်သူလူထုကို ဖိနှိပ်ခြင်းနှင့် အကြမ်းဖက်ညှင်းပန်းနှိပ်စက်မှုမှန်သမျှကို ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြ သည်။

“လူ့ဂုဏ်သိက္ခာကို လေးစားရန်၊ ယုံကြည်မှု့ကြောင့် အကျဉ်းကျခံနေရသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်နှင့် အဆိုပါလက်မခံနိုင်သော အလေ့အကျင့် ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ပြီး တရားဥပဒေအရအပြစ်ပေးပါရန် တောင်းဆိုလိုက်သည်”ဟု မြန်မာနိုင်ငံဆိုင် ရာပြင်သစ်သံရုံးက ဆိုသည်။

လွတ်လပ်သော သတင်းအရင်းအမြစ်များ၏ အဆိုအရ မြန်မာနိုင်ငံသား ၁၁,၁၇၄ ဦးသည် ၎င်းတို့၏ နိုင်ငံရေးအမြင်များကြောင့် ထိန်းသိမ်းဖမ်းဆီးခြင်းခံနေရပြီး လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ကာ ၉၄ ဦးမှာ သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်း သံရုံးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂ(EU)ကလည်း ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့သော ဆက်ဆံမှုပုံစံအားလုံးကို ဆန့်ကျင်လုပ်ဆောင်ရန် ဟူသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း ယနေ့ထုတ်ပြန်သည်။

ထို့အပြင် အီးယူသည် စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံ ခံစားခဲ့ရသောသူများ နှင့် တွေ့ကြုံခံစားနေရသောသူများကို တိုက်ရိုက် ပံ့ပိုး ကူညီနေပြီး ၎င်းတို့ဘက်မှ ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၂၁ မတ်လ အစီရင်ခံစာအရ နိုင်ငံတဝန်းရှိ စစ်ဘက်ထိန်းသိမ်းရေးစခန်းများတွင် နှစ်ရှည်လများ စစ်ကြောမေးမြန်းမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့များကျူးလွန်နေသည့် နှိပ်စက်ညှဉ်းပန်းမှုများနှင့် အခြားသော နှိပ်စက်မှုပုံစံမျိုးစုံ အပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင် မီးမောင်းထိုးပြထားသည်။

မြန်မာနိုင်ငံတွင် ကျူးလွန်လျက်ရှိသော ညှဉ်းပန်းနှိပ်စက်မှုများကို ဆန့်ကျင်ကြောင်း ရဲရင့်စွာ ထုတ်ဖော်လျက်ရှိသော အရပ်ဘက်အဖွဲ့အစည်းများ၊ အထူးသဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ သတင်းမီဒီယာသမားများနှင့် အီးယူက ဆက်လက် လက်တွဲလုပ်ဆောင် သွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက် ၂ခုကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် (၁)နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။