Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့နယ် တိုက်ပွဲအတွင်းအထိနာသည့် စစ်ကောင်စီတပ်က ကျောက်အိုင်ရွာကို မီးရှို့ပြီး ရွာသား ၃၀ခန့်အား ဖမ်းဆီးထား

ဒေသခံကာကွယ်ရေးတပ်များက ယခုရက်ပိုင်းအတွင်း အင်းတော်-ဗန်းမောက် လမ်းပိုင်းအပါအဝင် လမ်းပိုင်းအများစု ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

ဗန်းမောက်မြို့နယ်
ဗန်းမောက်မြို့နယ်

▪️ရှမ်းနီတပ် SNA တပ်ဖွဲ့ဝင်များ စစ်ကောင်စီစစ်ကြောင်းများတွင် ပါဝင်နေဟုဆို

စစ်ကိုင်းတိုင်းကသာခရိုင်ဗန်းမောက်မြို့နယ်အတွင်းစစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်များသည် ယနေ့( ဇွန် ၂၇ရက်)တွင် ဗန်းမောက်မြို့နယ်ကျောက်အိုင်ရွာကိုမီးရှို့ပြီး ​ဒေသခံရွာသား၃၀ခန့်အားကျောက်အိုင်ဘုန်းကြီးကျောင်း၌ ဖမ်းဆီးထားကြောင်း Banmauk Revolution က ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် အနီးအနားရှိ ရွာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူလူထုများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင် ရာနှင့်ချီရှိလာပြီဟု အသိပေးထားသည်။

ယနေ့မနက်တွင် ဗန်းမောက်ဒေသခံ ၃ ဦးခန့်ကို ဖုန်းဆက်သွယ်ရာတွင်လည်း ဖုန်းလိုင်းများခေါ်ဆို၍မရပါ။ စစ်ကောင်စီတပ်က ဗန်းမောက်မြို့နယ်ကိုယခုနှစ် မတ်လမှစ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။

“အခုတော့ ကားလမ်းတွေ ပိတ်ထားလို့ ကားသမားတွေ အကုန်ပြန်လှည့်နေရတယ်”ဟု ဗန်းမောက်မြို့ကို ကုန်စည်ပို့ရန်သွားရောက်ခဲ့သည်ဟု ကုန်ကားသမားတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် စစ်ကောင်စီတပ်သည် ဗန်းမောက်တောင်ပိုင်းသို့စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး စစ် ကြောင်း တစ်ခုလျင် အင်အား ၁၀၀ခန့် ပါဝင်ကြောင်း၊ ယင်းစစ်ကြောင်းများထဲတွင် ရှမ်းနီတပ်ဖွဲ့(SNA)တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

SNA သည် ပင်လယ်ဘူးနှင့် ဖောင်းပြင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ် စစ်ကြောင်းများတွင်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်နေကြောင်း Kawlin Infoက ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရှိနေသည်ဆိုသည့် ဖော်ပြချက်နှင့်ပတ်သက်၍ SNA တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ယမန်နေ့ကလည်း ဗန်းမောက်တောင်ပိုင်းတွင် စစ်ကောင် စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦး သေဆုံးခဲ့ကြောင်း Banmaunk Revolutionက ယမန်နေ့တွင် ဖော်ပြထားသကဲ့သို့ ဇွန်လ ၂၃ရက် တိုက်ပွဲတွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အင်းတော်နှင့် ဗန်းမောက် PDF တို့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်ဟု အသိပေးထားသည်။

ဒေသခံကာကွယ်ရေးတပ်များက ယခုရက်ပိုင်းအတွင်း အင်းတော်-ဗန်းမောက် လမ်းပိုင်းအပါအဝင် လမ်းပိုင်းအများစု ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။