Connect with us

Hi, what are you looking for?

သတင်း

တစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရလို့

ထုံးဘိုလေး(ကော်ကြာသဲ)ကျေးရွာဟာ အိမ်ခြေ (၁၅၀) ကျော်ရှိပြီး ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကစပြီး စစ်ကောင်စီ ခမရ(၉)တပ်စခန်းက ထုံးဘိုလေးကျေးရွာထဲကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် ရွာသားတွေဟာ မနေရဲတော့ပဲ လူဦးရေထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

တစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရလို့
တစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရလို့

ကေအဲန်ယူ-သထုံမြို့နယ် တပ်မဟာ ၁ နယ်မြေအတွင်းက ကော်ကြာသဲ(ထုံးဘိုလေး)ကျေးရွာ တစ်ရွာလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခံရလို့ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်(၂၅)ရက် ညနေ ၅ နာရီကျော်အချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာအနီးမှာ နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ ခမရ(၉) ပူးပေါင်းတပ်နဲ့ နယ်မြေခံ KNLA တပ်တို့အကြား မိနစ်(၄၀)ခန့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဝီယော်ကျေးနယ်အုပ်စုရှိ ထုံးဘိုလေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရလို့
တစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရလို့

စစ်ကောင်စီတပ်ဟာ ထုံးဘိုလေးကျေးရွာအတွင်းရှိ လူနေအိမ်တွေသာမက စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းပါမကျန် မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။ မနေ့ ဇွန် ၂၆ ရက် မနက်ပိုင်းမှာလည်း ကျေးရွာအတွင်း ကျန်ရှိနေတဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေသေးလို့ အိမ်ခြေဘယ်လောက်မီးလောင်ပျက်စီးသွားတာကို အတိအကျမသိရသေးဘူးလို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒါ့အပြင် ဇွန်(၂၅)ရက်နဲ့ ဇွန်(၂၆) ရက်တွေက စစ်ကောင်စီရဲ့ ခမရ(၉) တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ဖာပိန်၊ ကျောက်တောင်၊ ကျောက်တောင်ရွာလေး၊ အင်းရွာ၊ စောအဲဖိုး၊ နောက်ကတုတ်အထက်ကျေးရွာတွေက ဒေသခံပြည်သူအမြောက်အများဟာ နေအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာဒေသကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

တစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရလို့
တစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရလို့

ထုံးဘိုလေး(ကော်ကြာသဲ)ကျေးရွာဟာ အိမ်ခြေ (၁၅၀) ကျော်ရှိပြီး ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကစပြီး စစ်ကောင်စီ ခမရ(၉)တပ်စခန်းက ထုံးဘိုလေးကျေးရွာထဲကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် ရွာသားတွေဟာ မနေရဲတော့ပဲ လူဦးရေထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ပြီးခဲတဲ့ ဇွန်လ (၂)ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်ဖွဲ့(ဝီယော်စခန်း)က အရပ်သားတစ်ဦးကို သတ်ဖြတ်ပြီး တစ်ဦးကို ဖမ်းဆီးထားတာတွေလည်း ရှိခဲ့တာပါ။

တစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရလို့
တစ်ရွာလုံးမီးရှို့ဖျက်ဆီးခံရလို့

အခုလ ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ ကေအဲန်ယူ-သထုံမြို့နယ်အတွင်းမှာ တပ်စွဲထားတဲ့ စကခ(၈) ပိန္နဲတောစခန်း၊ ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းက လေးကေနဲ့ ဝင်းတာပန်စခန်းတွေဆီကို ရိက္ခာပို့ဆောင်ဖို့၊ တပ်ချိန်းဖို့နဲ့ အင်အားတိုးချဲ့ဖို့ နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားလာတာကြောင့် နယ်မြေခံ KNLA တပ်တွေနဲ့ မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။