Connect with us

Hi, what are you looking for?

သတင်း

CRPH ဥက္ကဋ္ဌ ကုလသမဂ္ဂဌာနချုပ် နယူးယောက်သို့သွားရောက်

ကနေဒါသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးကြိုးပမ်းမှုတွင် ကနေဒါနိုင်ငံ၏ ကူညီဆောင်ရွက်ပေးနေမှုများအပေါ် ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း” ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့သည်။

CRPH
CRPH

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့အကြား ပြုလုပ်သည့် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂဌာနချုပ် နယူးယောက်သို့သွားရောက်ခဲ့ကြောင်း CRPHက ယနေ့သတင်းထုတ်ပြန်သည်။

အထက်ပါခရီးစဉ်အတွင်း CRPH ဥက္ကဋ္ဌသည် IPU အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာမာတင်ချောင်ဂေါင်ကို သွားရောက်တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များနှင့်လည်း မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

CRPH
CRPH

ကနေဒါသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးကြိုးပမ်းမှုတွင် ကနေဒါနိုင်ငံ၏ ကူညီဆောင်ရွက်ပေးနေမှုများအပေါ် ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း” ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး အကြမ်းဖက်စစ်တပ်၏ လူမဆန်သော လုပ်ရပ်များ၊ စစ်တပ်က ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်နေမှုများ၊ ယင်းသို့ မြန်မာပြည်သူများ ခံစားနေရမှုအား လျော့ကျစေရေး နိုင်ငံတကာက ကူညီဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများအပေါ်အပြန်အလှန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် CRPH ဥက္ကဋ္ဌသည် ကုလသမဂ္ဂဆိုင်ရာ နော်ဝေနိုင်ငံအမြဲတမ်းမစ်ရှင်၏ အတိုင်ပင်ခံ Mr. Einar Rystad နှင့် လုံခြုံရေးကောင်စီနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကိစ္စရပ်များဆိုင်ရာ မူဝါဒအကြံပေး Ms. Ingrid Erno တို့နှင့် တွေ့ဆုံခဲ့သည်။

CRPH
CRPH

တွေ့ဆုံမှုတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နော်ဝေး၏ ကူညီပေးနေမှုများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရေး၊ ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများ စည်းလုံးညီညွတ်မှုနှင့် အခန်းကဏ္ဍ၊နယ်စပ်ဒေသရှိ ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေမှုတို့အပေါ် ဆွေးနွေးခဲ့သည်ဟု CRPHက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။