Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CRPH ဥက္ကဋ္ဌ ကုလသမဂ္ဂဌာနချုပ် နယူးယောက်သို့သွားရောက်

ကနေဒါသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးကြိုးပမ်းမှုတွင် ကနေဒါနိုင်ငံ၏ ကူညီဆောင်ရွက်ပေးနေမှုများအပေါ် ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း” ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့သည်။

CRPH
CRPH

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့အကြား ပြုလုပ်သည့် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂဌာနချုပ် နယူးယောက်သို့သွားရောက်ခဲ့ကြောင်း CRPHက ယနေ့သတင်းထုတ်ပြန်သည်။

အထက်ပါခရီးစဉ်အတွင်း CRPH ဥက္ကဋ္ဌသည် IPU အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာမာတင်ချောင်ဂေါင်ကို သွားရောက်တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များနှင့်လည်း မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

CRPH
CRPH

ကနေဒါသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးကြိုးပမ်းမှုတွင် ကနေဒါနိုင်ငံ၏ ကူညီဆောင်ရွက်ပေးနေမှုများအပေါ် ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း” ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး အကြမ်းဖက်စစ်တပ်၏ လူမဆန်သော လုပ်ရပ်များ၊ စစ်တပ်က ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်နေမှုများ၊ ယင်းသို့ မြန်မာပြည်သူများ ခံစားနေရမှုအား လျော့ကျစေရေး နိုင်ငံတကာက ကူညီဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများအပေါ်အပြန်အလှန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် CRPH ဥက္ကဋ္ဌသည် ကုလသမဂ္ဂဆိုင်ရာ နော်ဝေနိုင်ငံအမြဲတမ်းမစ်ရှင်၏ အတိုင်ပင်ခံ Mr. Einar Rystad နှင့် လုံခြုံရေးကောင်စီနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကိစ္စရပ်များဆိုင်ရာ မူဝါဒအကြံပေး Ms. Ingrid Erno တို့နှင့် တွေ့ဆုံခဲ့သည်။

CRPH
CRPH

တွေ့ဆုံမှုတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နော်ဝေး၏ ကူညီပေးနေမှုများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရေး၊ ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများ စည်းလုံးညီညွတ်မှုနှင့် အခန်းကဏ္ဍ၊နယ်စပ်ဒေသရှိ ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေမှုတို့အပေါ် ဆွေးနွေးခဲ့သည်ဟု CRPHက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာ​ဒေ​ကျေးရွာ ကို မတ် ၁၈ ရက်နံနက်အ​စောပိုင်းမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေတိုက်ခိုက်တာ​ကြောင့်ရွာမှာ​နေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။