Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် PDF ပူးပေါင်းအဖွဲ့ ယာဥ်များကို စစ်ဆေး၊ ခရီးသွားပြည်သူများမှ ကြည်ဖြူစွာစစ်ဆေးခံဟုဆို

“ပြည်သူတွေ ပူးပေါင်းပါဝင်မှ ပြီးဆုံးမယ့် တိုက်ပွဲမို့ရတဲ့နေရာက ဝိုင်းဝန်းပါဝင်ကူညီကြပါလို့ပြောလိုပါတယ်။ ပြီးတော့ တော်လှန်ရေး ရဲဘော်တွေရဲ့အားဟာ ပြည်သူကိုအဓိက ထားရတာပါ”ဟု BPO/PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - ဗမာ့ဇာမဏီအဖွဲ့(BPO)
ဓာတ်ပုံ - ဗမာ့ဇာမဏီအဖွဲ့(BPO)

မုံရွာ – မန္တလေးလမ်းပိုင်းတစ်နေရာတွင် PDF ပူးပေါင်းအဖွဲ့မှ ခရီးသွားယာဥ်များအားစစ် ဆေးမှုပြုလုပ်ခဲ့ရာ ပြည်သူများမှ ကြည်ဖြူစွာစစ်ဆေးခံခဲ့ကြောင်း ဗမာ့ဇာမဏီအဖွဲ့(BPO)က ယနေ့(ဇွန် ၂၇) ထုတ်ပြန်သည်။

BPO/BPF ရဲဘော်များနှင့် ဒေသခံ LPDF အဖွဲ့များပူးပေါင်းပြီး မုံရွာ – မန္တလေးလမ်းမပေါ်ရှိ ကားများကိုတားဆီး၍ စစ်ကောင်စီထုတ်ကုန်များ သယ်ဆောင်မှုရှိမရှိ ၊ တပ်တွင်းသို့ ပို့မည့်ရိက္ခာများ ဟုတ်၊မဟုတ် စသည်တို့ကို စစ်ဆေးခဲ့သည်ဟု ဖော်ပြသည်။

ဓာတ်ပုံ - ဗမာ့ဇာမဏီအဖွဲ့(BPO)
ဓာတ်ပုံ – ဗမာ့ဇာမဏီအဖွဲ့(BPO)

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် အတတ်နိုင်ဆုံး မပတ်သက်ရန် မေတ္တာရပ်ခံခဲ့ပြီး ပြည်သူများအားတော်လှန်ရေးအတွက် သွေးအေးမသွားကြရန်လည်း လှုံ့ဆော်ခဲ့သည်ဟု ဆိုသည်။

“ပြည်သူတွေ ပူးပေါင်းပါဝင်မှ ပြီးဆုံးမယ့် တိုက်ပွဲမို့ရတဲ့နေရာက ဝိုင်းဝန်းပါဝင်ကူညီကြပါလို့ပြောလိုပါတယ်။ ပြီးတော့ တော်လှန်ရေး ရဲဘော်တွေရဲ့အားဟာ ပြည်သူကိုအဓိက ထားရတာပါ”ဟု BPO/PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ယာဥ်များအားစစ်ဆေးသည့်လှုပ်ရှားမှုကို စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ – မန္တလေးလမ်းပိုင်းတစ်နေရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားပြည်သူများမှလည်း ကြည်ဖြူစွာစစ်ဆေးခံသည့်အပြင် တာဝန်ကျရဲဘော်များအား မုန့်နှင့် ရေသန့်များပါတိုက်ကျွေးသွားကြသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့မန္တလေးမှာအခုရက်ပိုင်းအတွင်းလမ်းသွားလမ်းလာခရီးသွားတွေကိုအသက်အန္တရာ​​ယ်ပြုပြီးလုယက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့မှာ ခရီးသည်က အိုးဝေသမားကို တိုက်ခိုက်ပြီး ယာဥ်လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတံတား(ရတနာပုံတံတား)က စစ်တပ်ရဲ့ နှာပေါက်စစ်ဆေးရေးဂိတ်ဟာ ပိတ်သိမ်းလိုက်တာမဟုတ်ဘဲ နေရာရွှေ့ပြောင်းသွားခြင်းသာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။