Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​တပ်စစ်​ကြောင်းထိုးလာ၍ က​လေး-ဟားခါးလမ်းတစ်​လျှောက်ပြည်သူတစ်​သောင်းခန့် ထွက်​ပြေးတိမ်း​ရှောင်​နေရ

ကျေးရွာများမှ ပြည်သူလူထုသည်စစ်ကောင်စီတပ်၏ခိုးယူလုယက်မှုကို ကြောက်သဖြင့် နေအိမ်များမှပစ္စည်းများကို ကြိုတင်ဝှက်ထားရသည်ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။

(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)

စစ်ကောင်စီတပ်စစ်​ကြောင်းထိုးလာခြင်းကြောင့် ကလေးမြို့မှ ဟားခါးမြို့ လမ်းမတလျောက် ကျေးရွာအားလုံးမှ ပြည်သူ တစ်သောင်းခန့် စစ်ဘေးရှောင်နေကြကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၂၉ ရက်မှ စတင်ပြီး ကလေးမြို့မှ ချင်းတောင်ဘက်ကို စစ်ကား အစီး ၃၀ ကျော်ဖြင့် စစ်ကြောင်းထိုး​နေခြင်းဖြစ်သည်။ထို့ကြောင့်လမ်းတလျှောက်ကျေးရွာများသည် ဇွန် ၃၀ ရက်မှစတင်ပြီး နေအိမ်များကို စွန့်ခွာပြီး တောထဲတောင်ထဲတွင် သွားရောက်ပုန်းခိုနေကြရ​ကြောင်း​ဒေသခံများက​ပြောသည်။

(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People’s Spring)

“ကျွန်မတို့ ပြေးရတာ ၁၀ခါလောက်ရှိနေပါပြီ။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေကို လုယက်ပြီး အကုန်ဖျက်ဆီးခဲ့တာ။ သူတို့ပြန်သွားရင် အိမ်ကို ၃ ရက်လောက် သန့်ရှင်းလုပ်ရတယ်”ဟု ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People’s Spring)

ကျေးရွာများမှ ပြည်သူလူထုသည်စစ်ကောင်စီတပ်၏ခိုးယူလုယက်မှုကို ကြောက်သဖြင့် နေအိမ်များမှပစ္စည်းများကို ကြိုတင်ဝှက်ထားရသည်ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People’s Spring)

စစ်ကောင်စီတပ်သည်လက်ရှိတွင်ဖလမ်းမြို့နှင့်ဟားခါးမြို့ကြားကိုရောက်ရှိနေပြီး ယနေ့(ဇူလှိုင် ၃ ရက်) မနက်ပိုင်းက ဖလမ်းမြို့ ပါရ်သဲကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုဒေသခံများကပြောသည်။

ဇူလိုင် ၂ ရက်ကလည်း ဒေသခံတစ်ဦးကိုစစ်​ကောင်စီတပ်က ဖလမ်းမြို့အထွက်နားတွင် ​သေနတ်ဖြင့်ပစ်၍သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

မေးမြန်းခန်း

ဘုံဇုံးစခန်းသိမ်းတိုက်ပွဲအခြေအနေကိုချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်မှူးတစ်ဦးကို People's Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း

ဟားခါးမြို့တွင် နေထိုင်သည့် အသက် ၄၀ကျော် မဗျက်မွှေဆုန်ကို CDFများကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည)ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း စစ်ကောင်စီက မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

မတူပီ -ဟားခါးလမ်း ၊ လုံလှော် -ဇကမ်းအကြား ကားလမ်းမ မြေပြိုမူ့များနေကြောင်း CDFက ထုတ်ပြန်ခဲ့ပြီး မြေပြိုမူ့နေရာများအား ခရီးသွားလားခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံသည်။