Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်စစ်​ကြောင်းထိုးလာ၍ က​လေး-ဟားခါးလမ်းတစ်​လျှောက်ပြည်သူတစ်​သောင်းခန့် ထွက်​ပြေးတိမ်း​ရှောင်​နေရ

ကျေးရွာများမှ ပြည်သူလူထုသည်စစ်ကောင်စီတပ်၏ခိုးယူလုယက်မှုကို ကြောက်သဖြင့် နေအိမ်များမှပစ္စည်းများကို ကြိုတင်ဝှက်ထားရသည်ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။

(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)

စစ်ကောင်စီတပ်စစ်​ကြောင်းထိုးလာခြင်းကြောင့် ကလေးမြို့မှ ဟားခါးမြို့ လမ်းမတလျောက် ကျေးရွာအားလုံးမှ ပြည်သူ တစ်သောင်းခန့် စစ်ဘေးရှောင်နေကြကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၂၉ ရက်မှ စတင်ပြီး ကလေးမြို့မှ ချင်းတောင်ဘက်ကို စစ်ကား အစီး ၃၀ ကျော်ဖြင့် စစ်ကြောင်းထိုး​နေခြင်းဖြစ်သည်။ထို့ကြောင့်လမ်းတလျှောက်ကျေးရွာများသည် ဇွန် ၃၀ ရက်မှစတင်ပြီး နေအိမ်များကို စွန့်ခွာပြီး တောထဲတောင်ထဲတွင် သွားရောက်ပုန်းခိုနေကြရ​ကြောင်း​ဒေသခံများက​ပြောသည်။

(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People’s Spring)

“ကျွန်မတို့ ပြေးရတာ ၁၀ခါလောက်ရှိနေပါပြီ။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေကို လုယက်ပြီး အကုန်ဖျက်ဆီးခဲ့တာ။ သူတို့ပြန်သွားရင် အိမ်ကို ၃ ရက်လောက် သန့်ရှင်းလုပ်ရတယ်”ဟု ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People’s Spring)

ကျေးရွာများမှ ပြည်သူလူထုသည်စစ်ကောင်စီတပ်၏ခိုးယူလုယက်မှုကို ကြောက်သဖြင့် နေအိမ်များမှပစ္စည်းများကို ကြိုတင်ဝှက်ထားရသည်ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People's Spring)
(စစ်​ကောင်စီတပ်​ဘေးရန်​ကြောက်၍ ​​ဒေသခံများတိမ်း​ရှောင်သွား၍ ​နေအိမ်နှင့်လမ်းများလူသွားလူလာမရှိ​လျှောက်ကပ်​နေသည်။ ။ဓါတ်ပုံ-People’s Spring)

စစ်ကောင်စီတပ်သည်လက်ရှိတွင်ဖလမ်းမြို့နှင့်ဟားခါးမြို့ကြားကိုရောက်ရှိနေပြီး ယနေ့(ဇူလှိုင် ၃ ရက်) မနက်ပိုင်းက ဖလမ်းမြို့ ပါရ်သဲကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုဒေသခံများကပြောသည်။

ဇူလိုင် ၂ ရက်ကလည်း ဒေသခံတစ်ဦးကိုစစ်​ကောင်စီတပ်က ဖလမ်းမြို့အထွက်နားတွင် ​သေနတ်ဖြင့်ပစ်၍သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်ကြားမှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။