Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က ထုံးဘိုလေးကျေးရွာကို မီးရှို့ရာမှာ မသန်စွမ်းတစ်ဦးအပါအဝင် ရွာသားသုံးဦး သတ်ဖြတ်ခံရ

ဒါ့အပြင် ရွာသားသုံးဦးရဲ့ အရိုးအစအနတွေကို မီးလောင်ထားတဲ့ လူနေအိမ်သုံးလုံးရဲ့ ပြာတွေထဲမှာတွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရတာ ဒါမှမဟုတ် သတ်ပြီးမှ မီးရှို့ထားတာလည်းဖြစ်နိုင်တယ်လို့ ကေအဲန်ယူ-သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကေအဲန်ယူ-သထုံမြို့နယ် တပ်မဟာ ၁ နယ်မြေအတွင်းရှိ ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့တဲ့ဖြစ်ဉ်မှာ မသန်စွမ်းတစ်ဦးအပါအဝင် ရွာသားသုံးဦးသတ်ဖြတ်ခံရတယ်လို့ ကေအဲန်ယူဒူးသထူခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ ထုံးဘိုလေးကျေးရွာကို မီးတင်ရှို့ခဲ့ပြီး လူနေအိမ်(၆၁)လုံး မီးလောင်ပြာကျခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ခံခဲ့ရတယ်လို့ ကေအဲန်ယူ-သထုံမြို့နယ်က အတည်ပြုခဲ့တာပါ။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

ဒါ့အပြင် ရွာသားသုံးဦးရဲ့ အရိုးအစအနတွေကို မီးလောင်ထားတဲ့ လူနေအိမ်သုံးလုံးရဲ့ ပြာတွေထဲမှာတွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရတာ ဒါမှမဟုတ် သတ်ပြီးမှ မီးရှို့ထားတာလည်းဖြစ်နိုင်တယ်လို့ ကေအဲန်ယူ-သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရတဲ့သူတွေဟာ အသက်(၃၉)နှစ်အရွယ်ရှိတဲ့ မသန်စွမ်းသူတစ်ဦးဖြစ်တဲ့ စောဆာမူး၊ အသက်(၅၅)နှစ်အရွယ်ရှိတဲ့ စောမောင်လူပျိုနဲ့ သက်တော်(၅၄)နှစ်ရှိ ဦးပဉ္ဇင်း တီးထို့ပဝီးတို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်နယ်မြေထဲကို နယ်မြေကျူးကျော်ကာ ထုံးဘိုလေးကျေးရွာကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံပြည်သူတွေကို သတ်ဖြတ်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့စစ်ကောင်စီတပ်ဟာ တပ်မ(၄၄)နဲ့ တပ်မ(၂၂)လက်အောက်ခံတပ်တွေအပြင် BGF နဲ့ အခြားသောက်တပ်ရင်းလက်အောက်ခံတွေပါဝင်တယ်လို့ ကေအဲန်ယူဒူးသထူခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် တိုင်းဗဟို(၉)ဟုခေါ်ဆိုသည့် အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် လမ်းတွင်​​တွေ့​​သောပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီး၍ ၎င်းတို့ထဲမှ လူငယ်များကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်သူများကိုလည်း နှိပ်စက်ကာ သတ်ဖြတ်ရန် စီစဉ်​နေစဥ် ရက္ခိုင့်တပ်တော်(AA)က ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ အချို့က ပြောကြားသည်။ တိုင်းဗဟို(၉)အပါအဝင်...