Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ထုံးဘိုလေးကျေးရွာကို မီးရှို့ရာမှာ မသန်စွမ်းတစ်ဦးအပါအဝင် ရွာသားသုံးဦး သတ်ဖြတ်ခံရ

ဒါ့အပြင် ရွာသားသုံးဦးရဲ့ အရိုးအစအနတွေကို မီးလောင်ထားတဲ့ လူနေအိမ်သုံးလုံးရဲ့ ပြာတွေထဲမှာတွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရတာ ဒါမှမဟုတ် သတ်ပြီးမှ မီးရှို့ထားတာလည်းဖြစ်နိုင်တယ်လို့ ကေအဲန်ယူ-သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကေအဲန်ယူ-သထုံမြို့နယ် တပ်မဟာ ၁ နယ်မြေအတွင်းရှိ ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့တဲ့ဖြစ်ဉ်မှာ မသန်စွမ်းတစ်ဦးအပါအဝင် ရွာသားသုံးဦးသတ်ဖြတ်ခံရတယ်လို့ ကေအဲန်ယူဒူးသထူခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ ထုံးဘိုလေးကျေးရွာကို မီးတင်ရှို့ခဲ့ပြီး လူနေအိမ်(၆၁)လုံး မီးလောင်ပြာကျခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ခံခဲ့ရတယ်လို့ ကေအဲန်ယူ-သထုံမြို့နယ်က အတည်ပြုခဲ့တာပါ။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

ဒါ့အပြင် ရွာသားသုံးဦးရဲ့ အရိုးအစအနတွေကို မီးလောင်ထားတဲ့ လူနေအိမ်သုံးလုံးရဲ့ ပြာတွေထဲမှာတွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရတာ ဒါမှမဟုတ် သတ်ပြီးမှ မီးရှို့ထားတာလည်းဖြစ်နိုင်တယ်လို့ ကေအဲန်ယူ-သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရတဲ့သူတွေဟာ အသက်(၃၉)နှစ်အရွယ်ရှိတဲ့ မသန်စွမ်းသူတစ်ဦးဖြစ်တဲ့ စောဆာမူး၊ အသက်(၅၅)နှစ်အရွယ်ရှိတဲ့ စောမောင်လူပျိုနဲ့ သက်တော်(၅၄)နှစ်ရှိ ဦးပဉ္ဇင်း တီးထို့ပဝီးတို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်နယ်မြေထဲကို နယ်မြေကျူးကျော်ကာ ထုံးဘိုလေးကျေးရွာကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံပြည်သူတွေကို သတ်ဖြတ်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့စစ်ကောင်စီတပ်ဟာ တပ်မ(၄၄)နဲ့ တပ်မ(၂၂)လက်အောက်ခံတပ်တွေအပြင် BGF နဲ့ အခြားသောက်တပ်ရင်းလက်အောက်ခံတွေပါဝင်တယ်လို့ ကေအဲန်ယူဒူးသထူခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။