Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့လယ်ရှိ အားကစားခန်းမနှင့် ဆောက်လုပ်ရေးရုံးအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (ဇူလိုင်လ၄ရက်) ည ၇နာရီခွဲခန့်က စစ်ကောင်စီတပ်များ တပ်စွဲထားသော နွားထိုးကြီးမြို့လယ်တွင်ရှိသည့် အားကစားခန်းမနှင့် ဆောက်လုပ်ရေးရုံးအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF က ပြောသည်။

(တိုက်ခိုက်ခံရသည့် အားကစားခန်းမနှင့် ဆောက်လုပ်ရေးရုံးအား တွေ့ရစဥ်။)
(တိုက်ခိုက်ခံရသည့် အားကစားခန်းမနှင့် ဆောက်လုပ်ရေးရုံးအား တွေ့ရစဥ်။)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့လယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာနှစ်ခုအား ယမန်နေ့ညက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း နွားထိုးကြီး PDF က ပြောသည်။

ယမန်နေ့ (ဇူလိုင်လ၄ရက်) ည ၇နာရီခွဲခန့်က စစ်ကောင်စီတပ်များ တပ်စွဲထားသော နွားထိုးကြီးမြို့လယ်တွင်ရှိသည့် အားကစားခန်းမနှင့် ဆောက်လုပ်ရေးရုံးအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF က ပြောသည်။

လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်သားများ သုံးဦးနှင့်အထက်ကျဆုံးပြီး ဒဏ်ရာရသူ ၉ဦးခန့်ဆွဲထုတ်သွားသည်ဟု မျက်မြင်တွေ့ရှိသူများကပြောကြောင်း နွားထိုးကြီး PDFက ဆိုသည်။

Public Service Announcement
Public Service Announcement

“သူတို့က တစ်နေရာကို ၄၀လောက်နေတာ။ သူတို့က အဲဒီပတ်ဝန်းကျင်မှာ အမြဲခြေရှုပ်နေတာ။ အပစ်ခံရပြီးတော့ ၁၅ မိနစ်လောက်ဆက်တိုက်ရမ်းပြီး ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရတယ်။”ဟု နွားထိုးကြီး PDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

နွားထိုးကြီး PDFသည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အား လက်နက်ကိုင်ခုခံတော်လှန်နေပြီး ဇွန်လ၂၆ရက်နေ့က ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။