Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယနိုင်ငံသားနှစ်ဦးအသတ်ခံရသဖြင့် ဆန္ဒပြ​​တောင်းဆိုမှုပြုလုပ်နေ​သောမိုး​ရေးမြို့တွင်လူစုလူ​ဝေးမလုပ်ရန်၊ နယ်စပ်ဖြတ်​ကျော်မှုမလုပ်ရန် အိန္ဒိယအစိုးရအ​ရေး​ပေါ်အမိန့်ထုတ်

အိန္ဒိယနိုင်ငံသားများအနေဖြင့်အရေးကြီးကစ္စမရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းသို့ သွားလာခြင်းမပြုရန်၊သက်ဆိုင်ရာ၏ခွင့်ပြုချက်ကိုရယူပြီးမှ သာသွားလာရန်၊ မြန်မာနိုင်ငံသားများကိုလည်းခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

(မိုး​ရေးမြို့တွင် ဇူလိုင် ၆ ရက်ကဆန္ဒပြ​တောင်းဆို​နေမှု ၊စစ်​ကောင်စီ၏ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့မှုနှင့် အန္ဒိယပြည်နယ်အစိုးရကထုတ်ပြန်​သောအမိန့် ။ ။ဓါတ်ပုံ-CJ)
(မိုး​ရေးမြို့တွင် ဇူလိုင် ၆ ရက်ကဆန္ဒပြ​တောင်းဆို​နေမှု ၊စစ်​ကောင်စီ၏ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့မှုနှင့် အန္ဒိယပြည်နယ်အစိုးရကထုတ်ပြန်​သောအမိန့် ။ ။ဓါတ်ပုံ-CJ)

ပျူစောထီးအဖွဲ့က​သေနတ်ဖြင့်ပစ်သတ်လိုက်သည့် အိန္ဒိယနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ ဆန္ဒပြ​တောင်းဆိုမှုများဖြစ်ပေါ်နေသော မိုရေးမြို့တွင် လူစုလူဝေးမပြုလုပ်ရန် အန္ဒိယအစိုးရ၏​ဒေသတွင်းအာဏာပိုင်အဖွဲ့က အရေးပေါ်အမိန့်ထုတ်ပြန်လိုက်သည်။

မိုးရေးမြို့ထဲတွင်လူစုလူဝေးပြုလုပ်ခြင်း၊အုပ်စုလိုက်သွားလာခြင်းများကိုဇူလိုင် ၆ရက်မှစ၍ခွင့်မပြုတော့ကြောင်းမဏိပူပြည်နယ် Tinnopel ခရိုင် ခရိုင်အုပ်ချုပ်ရေးမူးက ယမန်​နေ့ညနေတွင် အရေးပေါ် အမိန်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လူစုလူဝေးမပြုလုပ်ရန်အပြင် နယ်စပ်ဖြတ်ကျော်သွားလာမှုကိုလည်း Tinnopel ခရိုင် ခရိုင်အုပ်ချုပ်ရေးရုံးကကန့်သတ်မိန့်ထုတ်ပြန်လိုက်သည်။

“ဒေသအစိုးရက အရေးပေါ်ထုတ်ပြန်လိုက်တာ။မိုးရေးက မြန်မာတွေလည်းဘယ်သူမှအပြင်မထွက်ရဲဘူးဖြစ်နေတယ်” ဟုမိုရေးမြို့တွင်နေထိုင်သည့် မြန်မာတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယနိုင်ငံသားများအနေဖြင့်အရေးကြီးကစ္စမရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းသို့ သွားလာခြင်းမပြုရန်၊သက်ဆိုင်ရာ၏ခွင့်ပြုချက်ကိုရယူပြီးမှ သာသွားလာရန်၊ မြန်မာနိုင်ငံသားများကိုလည်းခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

တမူးမြို့တွင်ဇူလိုင် ၅ရက်က ပျုစောထီးများကအိန္ဒိနိုင်ငံသားနှစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ယင်းဖြစ်စဥ်အပေါ် ဒေါသဖြစ်နေသည့်မိုးရေးမြို့ခံများကအန္ဒိယအစိုးရနှင့်စစ်တပ်ကို ဇူလိုင် ၆ရက်တွင် ဆန္ဒပြခဲ့​ကြသည်။ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ရှိ စစ်ကောင်စီ၏ရဲကင်းစခန်းတစ်ခုကိုလည်း ဆန္ဒပြလူထုကမီးရှို့ပစ်လိုက်သည်။ထိုအခြေအနေကိုထိန်းချုပ်နိုင်ရန်အိန္ဒိယအစိုးရကအရေးပေါ်အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒေသအစိုးရက အရေးပေါ်ထုတ်ပြန်လိုက်တာ။မိုးရေးက မြန်မာတွေလည်းဘယ်သူမှအပြင်မထွက်ရဲဘူးဖြစ်နေတယ်” ဟုမိုရေးမြို့တွင်နေထိုင်သည့် မြန်မာတစ်ဦးကပြောသည်။ထိုအပြငယခုအခါ တမူးမြို့တွင် ယခင်ရက်များက​တွေ့ခဲ့ရ​သော ပျူ​စောထီးများလည်း ယခုအခါမ​တွေ့ရ​တော့ကြာင်း​ဒေသခံအချို့က ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။