Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် ဆဲဗင်းဇူလိုင်လှုပ်ရှားမှု သတင်းပေးဖမ်းဆီးရန်စောင့်ဆိုင်းနေသူ စစ်ကောင်စီခန့်ရာအိမ်မှူးနှင့်အပေါင်းအပါအဝင်နှစ်ဦး ပစ်သတ်ခံရ

ယနေ့ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ပြုလုပ်ခဲ့ကြသည်။

(ယနေ့ညနေက လှိုင်မြို့နယ်၌ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - AAMIJ)
(ယနေ့ညနေက လှိုင်မြို့နယ်၌ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - AAMIJ)

ရန်ကုန်မြို့တွင် ဆဲဗင်းဇူလိုင်အထိမ်းအမှတ် ဆန္ဒပြလှုပ်ရှားမှုကို သတင်းပေးဖမ်းဆီးရန် စောင့်ဆိုင်းနေသူ စစ်ကောင်စီခန့်ရာအိမ်မှူးနှင့်အပေါင်းအဝင်နှစ်ဦး ပစ်သတ်ခံရကြောင်း သင်္ဃန်းကျွန်းမြို့နေသူများက ပြောသည်။

ဖြစ်စဥ်မှာ ယနေ့(ဇူလိုင် ၇ ရက်)ကျရောက်သော နှစ်(၆၀)ပြည့် ဆဲဗင်းဇူလိုင်ကျောင်းသား အရေးတော်ပုံလှုပ်ရှားမှုကို စောင့်ကြည့်ရန် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ (၅) လမ်းထိပ်ရှိ ရွှေကျားလက်ဘက်ရည်ဆိုင်တွင်ရှိနေသော ရာအိမ်မှူးရဲထွဋ်နှင့် ဇော်ထွန်းဦးတို့မှာ နံနက် ၁၀ခန့်တွင် ပစ်ခတ်ခံရခြင်းဟု ဆိုသည်။

“သူတို့ အပိုင်က ၁၆ လမ်းဘက်။ဒါပေမယ့် အရင်ကတည်းက ဆန္ဒပြလှုပ်ရှားမှုကောင်းခဲ့တာက အခု ဖြစ်စဥ် ဖြစ်တဲ့နေရာဘက်မှာဆိုတော့ သူတို့ကြိုစောင့်နေတာလို့ တစ်ထစ်ချ ​ပြောလို့ရတယ်”ဟု သင်္ဃန်းကျွန်းမြို့နေသူတစ်ဦးက ရှင်းပြသည်။

ပစ်သတ်ခံရသူ နှစ်ဦးစလုံးသည် ဦးခေါင်းအပါအဝင် ရင်ဘတ်တို့တွင် ကျည်ဒဏ်ရာ လေးချက်ထက်မနည်းရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ပြုလုပ်ခဲ့ကြသည်။

သို့သော် ညနေပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် ဆန္ဒပြလူငယ်များကိုစစ်ကောင်စီက အိမ်စီးကားဖြင့်တိုက်၍ ဖမ်း ဆီးခဲ့​သော်လည်း ကားဖြင့်တိုက်ခံရ​သေ ာလူငယ်အပါအဝင်ဆန္ဒပြလူငယ်များအားလုံး လွတ်​မြောက်ခဲ့ကြောင်း သပိတ်ကော်မတီဝင်များကပြောသည်။

ဇူလိုင် ၇ရက် ညနေ ၃နာရီဝန်းကျင်တွင်ပြုလုပ်သည့် ယင်းဆန္ဒပြပွဲကို အကြမ်းဖက်စစ်ကောင်စီကအိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့်ဝင်တိုက် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။