Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်သာယာတွင် ကုမ္ပဏီဝန်ထမ်းတစ်ဦး ပစ္စည်းလုအသတ်ခံရ

Mercury Online Shopping မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအာကာမိုးကိုကိုသည် သေဆုံးချိန်တွင် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင် ၉ရက်တွင် ရေဝေးသုဿာန်၌ ဂူးသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက အသိပေးထားသည်။

(ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ပို့ဆောင်စဥ်၊ ဓာတ်ပုံ - KHA)
(ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ပို့ဆောင်စဥ်၊ ဓာတ်ပုံ - KHA)

ဖြည့်ဆည်းရေးစင်တာတာဝန်ခံ ကိုအာကာမိုးကိုကိုသည် ရုံးမှအပြန်ကားတံခါးဖွင့်တွင် ပစ္စည်းလုယူခံရသည့်အပြင် ရိုက်နှက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း Mercury Online Shopping Mall မှ ယနေ့(ဇူလိုင် ၇)အသိပေး ထုတ်ပြန် သည်။

ကိုအာကာမိုးကိုကိုသည် ယမန်နေ့ညနေပိုင်းက ရုံးကား(Suzuki Pickup) မောင်းနှင်၍ အိမ်ပြန်လာရာ မသမာသူနှစ်ဦးခန့်မှ ကားတံခါးဖွင့်တက်လာပြီး ပစ္စည်းလုရာ အသာတကြည်မပေးသဖြင့် ထိုးကြိတ်ရိုက်နှက် သတ်ဖြတ်သွားပြီး ကားရော လူပါ လှိုင်သာယာလမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားခဲ့သည်ဟု ဖော်ပြသည်။

ထိုဖြစ်စဥ်ကြောင့် ကိုအာကာမိုးကိုကိုထံမှ အိုင်ဖုန်း(၁၃)တစ်လုံး၊ ရုံးပစ္စည်း ASUS M4 13 DA လတ်တော့တစ်လုံးနှင့် ငွေကျပ်လေးသိန်း လုယူခြင်းခံလိုက်ရသည်ဟု ဆိုသည်။

“အမှုမှန်ပေါ်ပေါက်ပြီးကျူးလွန်သူများ အမြန်ဆုံးဖမ်းဆီးနိုင်ရေး သိရှိပါက သတင်းပေးနိုင်ပါရန်နှင့် အထက်ဖော်ပြပါပစ္စည်းများလာရောင်းချခဲ့ပါက ကူညီပြီးသတင်းပေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု Mercury Online Shopping က အသိပေးသည်။

Public Service Announcement

Public Service Announcement

လှိုင်သာယာမြို့နယ် လမ်းဘေးတစ်နေရာ၌ စွန့်ပစ်ထားခဲ့သော ကိုအာကာမိုးကိုကိုမောင်းနှင်ခဲ့သည့်ယာဥ်ပေါ်တွင် ၎င်း၏ရုပ်အလောင်အပြင် ယင်အတွင်းပိုင်း၌ အဝတ်စုပ်နှင့် ကွမ်းတံတွေးများကိုတွေ့ရပြီး သေဆုံးသွားသူမှာ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းပြုလုပ်တတ်သူမဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Mercury Online Shopping မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအာကာမိုးကိုကိုသည် သေဆုံးချိန်တွင် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင် ၉ရက်တွင် ရေဝေးသုဿာန်၌ ဂူးသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။