Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာတွင် ကုမ္ပဏီဝန်ထမ်းတစ်ဦး ပစ္စည်းလုအသတ်ခံရ

Mercury Online Shopping မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအာကာမိုးကိုကိုသည် သေဆုံးချိန်တွင် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင် ၉ရက်တွင် ရေဝေးသုဿာန်၌ ဂူးသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက အသိပေးထားသည်။

(ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ပို့ဆောင်စဥ်၊ ဓာတ်ပုံ - KHA)
(ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ပို့ဆောင်စဥ်၊ ဓာတ်ပုံ - KHA)

ဖြည့်ဆည်းရေးစင်တာတာဝန်ခံ ကိုအာကာမိုးကိုကိုသည် ရုံးမှအပြန်ကားတံခါးဖွင့်တွင် ပစ္စည်းလုယူခံရသည့်အပြင် ရိုက်နှက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း Mercury Online Shopping Mall မှ ယနေ့(ဇူလိုင် ၇)အသိပေး ထုတ်ပြန် သည်။

ကိုအာကာမိုးကိုကိုသည် ယမန်နေ့ညနေပိုင်းက ရုံးကား(Suzuki Pickup) မောင်းနှင်၍ အိမ်ပြန်လာရာ မသမာသူနှစ်ဦးခန့်မှ ကားတံခါးဖွင့်တက်လာပြီး ပစ္စည်းလုရာ အသာတကြည်မပေးသဖြင့် ထိုးကြိတ်ရိုက်နှက် သတ်ဖြတ်သွားပြီး ကားရော လူပါ လှိုင်သာယာလမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားခဲ့သည်ဟု ဖော်ပြသည်။

ထိုဖြစ်စဥ်ကြောင့် ကိုအာကာမိုးကိုကိုထံမှ အိုင်ဖုန်း(၁၃)တစ်လုံး၊ ရုံးပစ္စည်း ASUS M4 13 DA လတ်တော့တစ်လုံးနှင့် ငွေကျပ်လေးသိန်း လုယူခြင်းခံလိုက်ရသည်ဟု ဆိုသည်။

“အမှုမှန်ပေါ်ပေါက်ပြီးကျူးလွန်သူများ အမြန်ဆုံးဖမ်းဆီးနိုင်ရေး သိရှိပါက သတင်းပေးနိုင်ပါရန်နှင့် အထက်ဖော်ပြပါပစ္စည်းများလာရောင်းချခဲ့ပါက ကူညီပြီးသတင်းပေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု Mercury Online Shopping က အသိပေးသည်။

Public Service Announcement

Public Service Announcement

လှိုင်သာယာမြို့နယ် လမ်းဘေးတစ်နေရာ၌ စွန့်ပစ်ထားခဲ့သော ကိုအာကာမိုးကိုကိုမောင်းနှင်ခဲ့သည့်ယာဥ်ပေါ်တွင် ၎င်း၏ရုပ်အလောင်အပြင် ယင်အတွင်းပိုင်း၌ အဝတ်စုပ်နှင့် ကွမ်းတံတွေးများကိုတွေ့ရပြီး သေဆုံးသွားသူမှာ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းပြုလုပ်တတ်သူမဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Mercury Online Shopping မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအာကာမိုးကိုကိုသည် သေဆုံးချိန်တွင် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင် ၉ရက်တွင် ရေဝေးသုဿာန်၌ ဂူးသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးတွင် အရပ်ဝတ်များဖြင့် ပေါ်တာအဆွဲခံရသည့်ဖြစ်စဉ်ကြုံခဲ့ရကြောင်း ကာယကံရှင် ကိုထက်ဝေယံဖြိုးက ပြောသည်။