Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ အယောင်ပြရွေးကောက်ပွဲနှင့်လက်အောက်ခံကော်မရှင် ဆောင်ရွက်မှုမှန်သမျှကို NLD လုံးဝလက်မခံ၊ အသိအမှတ်ပြုမည်မဟုတ်

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိကြောင်းလည်း NLD က ထပ်လောင်း ထုတ်ပြန်သည်။

NLD
NLD

တရားမဝင် အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် သမျှကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လုံး၀အသိအမှတ်မပြုကြောင်း ယနေ့ထုတ်ပြန် ကြေညာသည်။

စစ်ကောင်စီသည် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည်းစားရန် နောက်ထပ်ရွေးကောက်ပွဲတစ် ခု ကျင်းပရန် ကြံစည်အားထုတ်နေသည်ကို ကြားသိရကြောင်းနှင့် ယင်းရွေးကောက်ပွဲအပါအဝင် စစ်ကောင်စီလက် အောက်ခံ ကော်မရှင် ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ငန်းစဉ် အားလုံးသည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိသဖြင့် လုံး၀လက်ခံမည် မဟုတ်ကြောင်း NLD က ထုတ်ပြန် သည်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသောအထွေ ထွေရွေးကောက်ပွဲတွင် NLD ပါတီသည် မဲဆန္ဒနယ်အားလုံး၏(၈၂.၃၆)ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

အဆိုပါရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ်ရှိရာ ၁၁၁၇ နယ်တွင် ကျင်းပနိုင်ခဲ့ပြီးဆန္ဒမဲပေးခွင့်ရှိသူစုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းကျော်လာရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အထက်ပါရွေးကောက်ပွဲကို မဲသမာမှုရှိသည်ဆိုကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး ယနေ့အချိန်အထိ ၎င်းတို့ စွပ်စွဲသော မဲသမာမှုကို ခိုင်ခိုင်မာမာ သက် သေပြနိုင်ခြင်းမရှိသေးပေ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာသံတမန်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိကြောင်းလည်း NLD က ထပ်လောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။