Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အယောင်ပြရွေးကောက်ပွဲနှင့်လက်အောက်ခံကော်မရှင် ဆောင်ရွက်မှုမှန်သမျှကို NLD လုံးဝလက်မခံ၊ အသိအမှတ်ပြုမည်မဟုတ်

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိကြောင်းလည်း NLD က ထပ်လောင်း ထုတ်ပြန်သည်။

NLD
NLD

တရားမဝင် အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် သမျှကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လုံး၀အသိအမှတ်မပြုကြောင်း ယနေ့ထုတ်ပြန် ကြေညာသည်။

စစ်ကောင်စီသည် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည်းစားရန် နောက်ထပ်ရွေးကောက်ပွဲတစ် ခု ကျင်းပရန် ကြံစည်အားထုတ်နေသည်ကို ကြားသိရကြောင်းနှင့် ယင်းရွေးကောက်ပွဲအပါအဝင် စစ်ကောင်စီလက် အောက်ခံ ကော်မရှင် ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ငန်းစဉ် အားလုံးသည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိသဖြင့် လုံး၀လက်ခံမည် မဟုတ်ကြောင်း NLD က ထုတ်ပြန် သည်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသောအထွေ ထွေရွေးကောက်ပွဲတွင် NLD ပါတီသည် မဲဆန္ဒနယ်အားလုံး၏(၈၂.၃၆)ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

အဆိုပါရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ်ရှိရာ ၁၁၁၇ နယ်တွင် ကျင်းပနိုင်ခဲ့ပြီးဆန္ဒမဲပေးခွင့်ရှိသူစုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းကျော်လာရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အထက်ပါရွေးကောက်ပွဲကို မဲသမာမှုရှိသည်ဆိုကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး ယနေ့အချိန်အထိ ၎င်းတို့ စွပ်စွဲသော မဲသမာမှုကို ခိုင်ခိုင်မာမာ သက် သေပြနိုင်ခြင်းမရှိသေးပေ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာသံတမန်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိကြောင်းလည်း NLD က ထပ်လောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။