Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာလူငယ်များ ထိုင်း၌ တွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများတွေ့ဆုံမှုတွင် နွေဦးတက္ကသိုလ်မှ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး လူငယ်များ၏ နွေဦးတော်လှန်ရေးအပေါ် အတွေးအမြင်များကို မျှဝေခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - SUM
ဓာတ်ပုံ - SUM

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့အရေးတက်ကြွသူလူငယ်များနှင့် ယနေ့တွေ့ဆုံခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများတွေ့ဆုံမှုတွင် နွေဦးတက္ကသိုလ်မှ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး လူငယ်များ၏ နွေဦးတော်လှန်ရေးအပေါ် အတွေးအမြင်များကို မျှဝေခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ပညာရေးအခြေအနေများ၊ ယခုထိအားကောင်းနေဆဲ ပညာရေး CDM ဆရာဆရာမများ၊ ကျောင်းသားများနှင့် ဝန်ထမ်းများ၏ အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပညာရေးအစီအစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း နွေဦးတက္ကသိုလ်(Spring University Myanmar – SUM) က ထုတ်ပြန်သည်။

ထို့အပြင် မကြာမီကာလများတွင် မြန်မာနိုင်ငံတွင်းမှ အင်တာနက်မရရှိသော နေရာဒေသများ၌ မြေပြင်ပညာရေးသင်ကြားနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် မိတ်ဖက်များက ကူညီနိုင်သည်များကို အားဖြည့်ပေးသွားမည်ဟု ပြန်လည် ပြောကြားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ဝန်ကြီးဘလင်ကန်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ယနေ့တွေ့ဆုံခဲ့ကာ ဝန်ကြီးချုပ် ပရာယွတ်နှင့်လည်း တွေ့ဆုံရန်ရှိနေသည်။

ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်တွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းဆွေးနွေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

စက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။