Connect with us

Hi, what are you looking for?

သတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာလူငယ်များ ထိုင်း၌ တွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများတွေ့ဆုံမှုတွင် နွေဦးတက္ကသိုလ်မှ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး လူငယ်များ၏ နွေဦးတော်လှန်ရေးအပေါ် အတွေးအမြင်များကို မျှဝေခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - SUM
ဓာတ်ပုံ - SUM

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့အရေးတက်ကြွသူလူငယ်များနှင့် ယနေ့တွေ့ဆုံခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများတွေ့ဆုံမှုတွင် နွေဦးတက္ကသိုလ်မှ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး လူငယ်များ၏ နွေဦးတော်လှန်ရေးအပေါ် အတွေးအမြင်များကို မျှဝေခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ပညာရေးအခြေအနေများ၊ ယခုထိအားကောင်းနေဆဲ ပညာရေး CDM ဆရာဆရာမများ၊ ကျောင်းသားများနှင့် ဝန်ထမ်းများ၏ အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပညာရေးအစီအစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း နွေဦးတက္ကသိုလ်(Spring University Myanmar – SUM) က ထုတ်ပြန်သည်။

ထို့အပြင် မကြာမီကာလများတွင် မြန်မာနိုင်ငံတွင်းမှ အင်တာနက်မရရှိသော နေရာဒေသများ၌ မြေပြင်ပညာရေးသင်ကြားနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် မိတ်ဖက်များက ကူညီနိုင်သည်များကို အားဖြည့်ပေးသွားမည်ဟု ပြန်လည် ပြောကြားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ဝန်ကြီးဘလင်ကန်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ယနေ့တွေ့ဆုံခဲ့ကာ ဝန်ကြီးချုပ် ပရာယွတ်နှင့်လည်း တွေ့ဆုံရန်ရှိနေသည်။

ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်တွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းဆွေးနွေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။