Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်

ကိုဝင်းမိုးဇော်(ခ)အဝင်းလေးသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကတိုးရွာအနီးတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်
ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်

▪️ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ကျော်သည်အထိ မိသားစုနှင့်အဆက်အသွယ် မရသေး

အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံထားရသည့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းဒေသ လူငယ်သပိတ်ခေါင်းဆောင် ကိုဝင်းမိုးဇော် (ခ)အဝင်းလေးသည် စစ်အုပ်စု၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှသည့် စစ်ကြောရေး၌ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေ အနေနှင့် ကြုံတွေ့ နေရကြောင်းအနောက်မြောက် လွင်ပြင်သပိတ်အင်အားစုများက ယနေ့ (ဇူလိုင် ၁၁) တွင် ထုတ်ပြန်သည်။

ကိုဝင်းမိုးဇော်(ခ)အဝင်းလေးသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကတိုးရွာအနီးတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ကူတော်ရဲစခန်းတွင် စစ်ကြောခံနေရသည် ဟုသာ ကြားသိရပြီး ကိုဝင်းမိုးဇော်အနေဖြင့် ဖမ်းဆီးခံရချိန်မှ ယနေ့အထိ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် လုံးဝ အဆက်အသွယ်မရ ဖြစ်နေကြောင်း သိရသည်။

ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်
ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်

“ကိုဝင်းမိုးဇော်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ​ဖမ်းဆီးခြင်းခံရချိန်အထိ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကောင်း မွန်လျက် ရှိပါတယ်။ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုတွေကြောင့် အသက်အန္တရာယ် ထိခိုက်နစ်နာမှုများ ခံရမှာကို အလွန်ပဲ စိုးရိမ်လျက်ရှိပါတယ်။ ဖမ်းဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တာဝန်ယူ/တာဝန်ခံရမှာဖြစ်ပါတယ် ” ဟု အနောက်မြောက် လွင်ပြင်သပိတ်အင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

ကိုဝင်းမိုးဇော်၏ အခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များနှင့် အမြန်ဆုံး အဆက်အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများ အပါအဝင် တတ်စွမ်းနိုင်သူများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးပါရန်လည်း အနောက်မြောက်လွင်ပြင်သပိတ်အင်အားစုများက မေတ္တာရပ်ခံထားသည်။

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်နေသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်များလည်း ထွက်ပေါ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။