Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမြို့နယ်တွင် ရဲထောက်လှမ်းရေးတစ်ဦးကို ရှင်းလင်း

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရာတွင် ဘုံရန်သူများအား ပြင်းထန်စွာအရေးယူဆောင်ရွက်မည်ဟုလည်း God Of Death က သတိပေးသည်။

God Of Death
God Of Death

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲထောက်လှမ်းရေးတစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ God Of Deathက ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၁ ရက်) နံနက် ၁၀နာရီခန့်တွင် အဆိပ်ငွေ့စစ်ဆင်ရေးအရ ကျိုက်ထိုမြို့နယ်၌ ရဲထောက်လှမ်းရေးကို ရှင်းလင်းနိုင်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါရဲထောက်လှမ်းရေးသည် မူးယစ်ဆေးဝါးအလွန် အကျွံသုံးစွဲထား​ကြောင်း၊ ၎င်းသည် ယခင်က ရခိုင် ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရာတွင် ဘုံရန်သူများအား ပြင်းထန်စွာအရေးယူဆောင်ရွက်မည်ဟုလည်း God Of Death က သတိပေးသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ အဆိပ်ငွေ့စစ်ဆင်ရေးပုံစံဖြင့် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံများကို တိုက်ခိုက်သွားမည်ဟုလည်း ဇွန်လနောက်ဆုံးပတ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ သက်ကြီးအဘိုးအို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။