Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ် ကံသစ်ရွာသား ၁၉ဦးကို စစ်ကောင်စီတပ် နှင့်ပျူများဖမ်းဆီးသွားကြောင်းဒေသခံပြော

ဇူလိုင် ၉ရက်တွင် စစ်ကောင်စီတပ်က ရွာသား ၁၆ဦးကို ဖမ်းသွားပြီး ယမန်နေ့ ဇူလိုင် ၁၀ရက်ညပိုင်း၌ နောက်ထပ်ရွာသား ၃ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။

ကံသစ်ကျေးရွာ
ကံသစ်ကျေးရွာ

အဆက်သွယ်ပြတ်တောက်နေ၍ မိသားစုဝင်များ စိတ်ပူနေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာသား ၁၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဖမ်ဆီးခေါ်ဆောင်သွားကြောင်းဒေသခံက သတင်းပေးပို့သည်။

ဇူလိုင် ၉ရက်တွင် စစ်ကောင်စီတပ်က ရွာသား ၁၆ဦးကို ဖမ်းသွားပြီး ယမန်နေ့ ဇူလိုင် ၁၀ရက်ညပိုင်း၌ နောက်ထပ်ရွာသား ၃ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၉ရက် နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ကံသစ်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ရန်နိုင်အောင်ဦးဆောင်သည့် ပျူစောထီးများနှင့် ရေစကြို ခ-လ-ရ (၂၅၈) တပ်မှ စစ်ကောင်စီတပ်သား အများအပြား သေနတ် ပစ်ဖောက်ပြီးကျေးရွာသို့ ဝင်ရောက်ကာ ရွာသား ၁၆ဦးကို ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

“ကံသစ်ကျေးရွာ ရန်နိုင်အောင်ဦးဆောင်တဲ့ ပျူစောထီးတွေ မမှန်မကန်လုပ်ကြံ သတင်းပေးလို့ ရွာသားတွေကို ဖမ်းခေါ်သွားတာ။ ဘာအတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူး မိသားစုဝင်တွေနဲ့ အခုချိန်ထိ အဆက်သွယ်မရသေးလို့ မိသားစုဝင်တွေ စိတ်ပူနေရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က သတင်းပေးပို့သည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခြင်းခံရသူများမှာ ကိုမြင့်ကြည်၊ ကိုထွန်းရီ၊ ကိုအောင်စိုးမိုး၊ ကိုငဖိုး၊ ကိုဝင်းလှိုင်ရွှေ၊ ကိုစိုးမင်းသူ၊ ကိုအောင်လွင်၊ ကိုတင်မောင်ကျော်၊ ကိုမဲ၊ ကိုမောင်ထက်၊ ကိုအေးဝင်း၊ ကိုဟန်မြင့်၊ ကိုမျိုးမင်းသူ၊ ကိုမျိုးချစ်၊ ကိုညွန့်စန်း၊ အမည်မသိရသေး စုံစမ်းနေဆဲ တို့ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ရွာသား ၁၉ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေသခံများက လိုလားနေကြောင်း ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း ရေစကြိုနယ်တွင် CDM ကျောင်းအုပ်ဆရာ၊ CDM ဆရာမ ၊ CDM သူနာပြုဆရာမ အပါအဝင် ၅ဦးကို ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာ ယခု ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်ကိုလည်း စိတ်ပူနေကြရကြောင်းဒေသခံကပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။