Connect with us

Hi, what are you looking for?

သတင်း

တာ​မွေတွင် စစ်ကောင်စီယာဥ် ဖောက်ခွဲတိုက်ခိုက်ရန်စီစဉ်ထား​သောဗုံးကို ပြည်သူများ ဝိုင်းဝန်းကြည့်ရှု့၍ ထိခိုက်မှုမရှိစေရန် မစ်ရှင်ဖျက်ခဲ့ရဟု UG အဖွဲ့​ပြော

ဇူလိုင် ၁၂ ရက် နေ့လည် ၁၁နာရီခွဲခန့်တွင် တာမွေမြို့နယ် အောင်မင်္ဂလာလမ်းထိပ်၌ စစ်ကောင်စီကားများကို ဖောက်ခွဲရန် Urban Revolutionary Front (URF) အဖွဲ့နှင့်ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်သားများက ဗုံးအား ​ဖောက်ခွဲဖျက်ဆီး​နေစဥ်၊ ဓာတ်ပုံ - CJ)
(စစ်​ကောင်စီတပ်သားများက ဗုံးအား ​ဖောက်ခွဲဖျက်ဆီး​နေစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ တာ​မွေမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်ကို ဖောက်ခွဲတိုက်ခိုက်ရန်စီစဉ်ထား​သော ဗုံးကို အမှိုက်ကောက်သူတစ်ဦးက ကိုင်ကြည့်ရာမှ ဝိုင်း၍ ကြည့်ရှုနေသောကြောင့် ပြည်သူများထိခိုက်မှုမရှိစေရန် မစ်ရှင်ဖျက်ခဲ့ရကြောင်း Yangon Liberation Force (YLF)အဖွဲ့က ပြောသည်။

ဇူလိုင် ၁၂ ရက် နေ့လည် ၁၁နာရီခွဲခန့်တွင် တာမွေမြို့နယ် အောင်မင်္ဂလာလမ်းထိပ်၌ စစ်ကောင်စီကားများကို ဖောက်ခွဲရန် Urban Revolutionary Front (URF) အဖွဲ့နှင့်ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“အသက် ၂၇ နဲ့ ၃၅ ကြားရှိမယ့် အမှိုက်ကောက်တဲ့ တစ်ယောက်က ကိုင်ကြည့်တယ်။ ဖွင့်ကြည့်တယ်။ ပြီးတော့ စက်ဘီးနဲ့ လူတစ်ယောက်ရောက်လာတယ် ။ အဲဒီလူက သတင်းပေးလို့ယူဆရတယ်။ သူကဖုန်းဆက်ပြီး ခေါ်လိုက်တာ ခွေးတွေကို “ဟု YLF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ယင်းနေရာသို့ မဆိုင်သူများကလည်း လာရောက်ကြည့်ရှုခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် မစ်ရှင်ကို ဖျက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါဗုံးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

“ပထမတစ်လုံးက သဲအိတ်တွေနဲ့ ဖုံးပြီးဖောက်တာ နောက်တစ်လုံးကျ အမှိုက်ပုံးထဲတင် ဖောက်လိုက်တာဖြစ်မယ်”ဟု ၎င်းက ဆိုသည်။

စစ်ဆင်ရေးများပြုလုပ်ရန်အတွက် အချိန်၊ငွေကြေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အသက်များပါ ရင်းနှီးထားရသောကြောင့် မစ်ရှင်ဖျက်ရပါက ဆုံးရှုံးနစ်နာမှုများစွာရှိပြီး ပြည်သူများအနေဖြင့် ဗုံးတွေ့ပါက စပ်စုခြင်း၊ ဝိုင်း၍ ကြည့်ရှုခြင်းများမပြုလုပ်ဘဲ တော်လှန်ရေး၌ ပါဝင်ပေးကြရန် YLF မှ တာဝန်ရှိသူက မေတ္တာရပ်ခံသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိမိနှင့်မသက်ဆိုင်သည့် ပစ္စည်းများကို ကိုင်တွယ်ခြင်းမပြုလုပ်ရန် အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့သော်လည်း ပြည်သူများဘက်က ပူးပေါင်းပါဝင်မှုမရှိသောကြောင့် ယခင်ကလည်း မစ်ရှင်များဖျက်ခဲ့ရသည့် ဖြစ်စဉ်များရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။