Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် စစ်ဆင်​ရေးပြုလုပ်မည်ဖြစ်၍ စစ်​ကောင်စီနှင့်သက်ဆိုင်သည့်​နေရာများ မသွား​ရောက်ကြရန် မြို့ပြ​ပြောက်ကျားအဖွဲ့ BDA သတိ​ပေး

လုံခြုံရေးအခြေအနေအရ စစ်ဆင်ရေးအားလုံးကို သတင်းမထုတ်ပြန်နိုင်သော်လည်း အသံကိုနားစွင့်ကာ အကြမ်းဖက်စစ်ကောင်စီနှင့်ဝေးဝေးနေကြရန် BDA က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ - PS
ဓာတ်ပုံ - PS

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ခြောက်ခုတွင် စစ်ဆင်ရေးများပြုလုပ်ရန်ရှိသောကြောင့် ယင်းမြို့နယ်များရှိ အကြမ်းဖက်စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများကိုသွားရောက်ခြင်းမပြုကြရန် Burma Dragon Army (BDA)မှ တာဝန်ရှိသူက ပြောသည်။

“မြို့နယ်အလိုက်တော့ လိုက်သတိပေးထားတာလေးတွေ ရှိပါတယ် သူတို့ဆိုင်ရာ page လေးတွေကို။တက်နိုင်သမျှ ပြည်သူတွေ ဘေးကင်းစေချင်လို့ပါ”ဟု ၎င်းကပြောသည်။

BDA အဖွဲ့သည် ဇူလိုင် ၁၀ ရက်မှ ၁၇ ရက်အတွင်း မြောက်ဥက္ကလာပ ၊ ဗဟန်း ၊ လှိုင် ၊ ရွှေပြည်သာ ၊ လှိုင်သာယာ ၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်များတွင် စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများရှိသည့်နေရာများ၊ ရပ်ကွက်ရုံးများအပါအဝင် ၎င်းတို့နှင့်သက်ဆိုင်သည့်နေရာများကို ရှောင်သွားရန် သတိပေးချက်ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၂ ရက်က မြေနီကုန်း၌ဖြစ်ခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်သည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်းနှင့် ၎င်းတို့အဖွဲ့အနေဖြင့် ပြည်သူများထိခိုက်အောင် လုံးဝလုပ် ဆောင်မည်မဟုတ်ကြောင်း BDAက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

BDA အဖွဲ့ဝင်အချို့သင်တန်းသွား၍ တတ်ရောက်‌နေသည့်ပြင် မြို့ပြ၌ အဖမ်းအဆီးများများပြားနေသောကြောင့် မြို့ပြကို ခေတ္တစွန့်ခွာခဲ့ပြီး ဇူလိုင်လဆန်းမှ ပြန်လည်ဝင်ရောက်လာကာ စစ်ဆင်ရေးများပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။

” ​၄လပိုင်းပြီးတော့ အဖမ်းအဆီးတအားများလာတယ်။ ကျွန်တော်အဖွဲ့သားတချို့ သင်တန်းသွားရတာရယ်၊ မဟာမိတ်တွေပါသွားတာကြောင့် ၅လပိုင်းခဏ နားထား လိုက်ပါတယ် ၆လပိုင်းမှာတော့ Mission ၂ခုပဲလုပ်နိုင်တယ်။ မြေပြင်အခြေနေကလည်းမကောင်းဘူး။ ကျွန်တော်တို့ UG တချို့ပါထဲက သတင်းမထုတ်ပြန်ပဲ ငြိမ်ပြီးမြို့ပြက ခဏထွက်သွားခဲ့တာပါ။ ခုလဆန်းပိုင်းမှ ပြန်ဝင်လာပြီး ခုပြန်စတာပါ”ဟု BDA မှတာဝန်ရှိသူကပြောသည်။

လုံခြုံရေးအခြေအနေအရ စစ်ဆင်ရေးအားလုံးကို သတင်းမထုတ်ပြန်နိုင်သော်လည်း အသံကိုနားစွင့်ကာ အကြမ်းဖက်စစ်ကောင်စီနှင့်ဝေးဝေးနေကြရန် BDA က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ တနေရာမှာ တော်လှန်ပြည်သူတွေက အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်းစနစ်ကို တိုက်ဖျက်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook