Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် ပျူတစ်ဦးကို ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းဟုUGတစ်ဖွဲ့ထုတ်ပြန်

“ပြည်သူကိုဒုက္ခပေးလာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ရပါလိမ့်မယ်၊တအားခက်ခဲနေရင် ကျွန်တော်တို့ ခေါ်ထားမယ်၊စောင့်ရှောက်ပေးပါမယ်”ဟု Young Force(UG)ကဖော်ပြသည်။

ပခုက္ကူတွင် ပျူတစ်ဦးကို ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းဟုUGတစ်ဖွဲ့ထုတ်ပြန်
ပခုက္ကူတွင် ပျူတစ်ဦးကို ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းဟုUGတစ်ဖွဲ့ထုတ်ပြန်

●စားဝတ်​နေ​ရေးအခက်အခဲ​ကြောင့် စစ်​ကောင်စီထံမှအ​ထောက်အပံ့ရလို၍ပျူလုပ်ရသည်ဆိုလျှင်ခေါ်ယူ​စောင့်​ရှောက်​ပေးမည်၊ပျူမလုပ်ရန်ပြည်သူကိုဒုက္ခမ​ပေးရန်သတိ​ပေး

ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ပျူ​စောထီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Young Force(UG)က ယနေ့(ဇူလိုင် ၁၄)အသိပေးထုတ်ပြန် သည်။

ယမန်နေ့(ဇူလိုင် ၁၃)ညနေပိုင်းက ပခုက္ကူမြို့နယ် မြောက်လူးကန် ကျေးရွာရှိ စစ်ကောင်စီ၏ လက်ပါးစေပျူဒလန်ဟုဆို​သောကိုသန်းဇော်ဦးအား စစ်ဆေးရေးဂိတ်မှပြန်လာချိန် လမ်းခုလတ်မှစောင့်၍ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရကြောင်း ဖော်ပြသည်။

ဖမ်းဆီးပြီး ကြိုးဖြင့်တုပ်ကာစစ်ဆေးနေစဥ် ခုခံထွက်ပြေးခဲ့ခြင်းဖြစ်ပြီး သန်းဇော်ဦး၏ ဝန်ခံထွက်ဆိုချက်အရ ၎င်းတို့အနေဖြင့် စစ်ဆေးရေးဂိတ်၌ တားဆီးစစ်ဆေးမှုများပြုလုပ်လျှင် တစ်ရက်ကျပ် ၅,၀၀၀ ခန့်ရကာ မြောက်လူးကန်ရွာတွင် ပျူစောထီးဟုနာမည်ကြီးသူ ကိုချစ်ထွေး၏ ခိုင်းစေမှုကြောင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဟုတ်ကဲ့ ဒလန်လို့လဲ ပြောလို့လည်းရတယ်။ ပျူစောထီးလို့လည်းပြောလို့ရတယ်။ နေ့စားခ ပိုက်ဆံယူပီး ကျောင်းမှာတပ်စွဲပြီး စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူတွေအပေါ် အမျိုးမျိူး ခြိမ်းခြောက်ငွေညှစ်နေတာပါ”ဟုYoung Force(UG)မှ ရဲဘော်တစ်ဦးက သန်း​ဇော်ဦးနှင့်ပတ်သပ်၍ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထိုလူများ၏သတင်းပေးတိုင်ကြားမှုကြောင့် ပြည်သူများဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဥ် နှစ်ခုထက်မနည်း ရှိခဲ့ပြီး ခိုင်လုံသော သတင်းများနှင့် တိုင်ကြားလာသော သတင်းများကို စိစစ်ပြီးဖြစ်သည်ဟု အသိပေးသည်။

“ပြည်သူကိုဒုက္ခပေးလာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ရပါလိမ့်မယ်၊တအားခက်ခဲနေရင် ကျွန်တော်တို့ ခေါ်ထားမယ်၊စောင့်ရှောက်ပေးပါမယ်”ဟု Young Force(UG)ကဖော်ပြသည်။

ထို့အပြင်စားဝတ်နေရေးအခက်အခဲကြောင့် ပျူစောထီးအဖြစ် စစ်ကောင်စီထံမှအထောက်အပံ့ယူနေရပါက ခေါ်ယူစောက်ရှောက်ပေးမည်ဖြစ်ပြီး ပြည်သူအား ဒုက္ခမပေးရန်လည်း ပျူစောထီးများကိုလည်း Young Force(UG)က အသိပေးထားသည်။

စစ်ကောင်စီ၏လက်ပါးစေများအနေဖြင့်ရပ်တန်းကမရပ်၊ အသိတရားမရဘဲ ပြည်သူအချင်းချင်းဆက်လက် အနိုင်ကျင့်ဒုက္ခပေးနေမည်ဆိုပါက ၎င်းတို့ ရောက်လာမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။